Home / သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ

သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ(၂/၂၀၁၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ

0-02-07-e55a1e02480bfd0deed1bdfb768b4c8976827b98c0a52826269041a83f695f59_full

စက်တင်ဘာ ၂၆          ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၃)၌ ကျင်းပ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ(၂/၂၀၁၆)ကြိမ်မြောက် အစည်း အဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်မှ တက်ရောက်ခဲ့သည်။    အဆိုပါအစည်းအဝေး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများက မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ရေကြီး နစ်မြှုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ထောက်ပံ့ပေးမှုအခြေအနေနှင့် ဆက်လက်လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

Read More »