Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စက်မှု ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

စက်မှု ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း(ပထမ)အဆင့် ဖွင့်ပွဲကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၁ (ညောင်လေးပင်) ===================== ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့၊ ညောင်လေးပင်ဘူတာ၌ နိုဝင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း(ပထမ)အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ JICA အဖွဲ့၏ အထူးကိုယ်စားလှယ် Mr. Masayuki KARASAWAက လုပ်ငန်းဆောင်ရွက်ခွင့် ရရှိခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် Ground Breaking လုပ်ငန်းစတင်ဆောင်ရွက်ခြင်းအား ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Ichiro Maruyama၊ JICA၏Chief Representative Mr.Masayuki Karazawa ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဝင်းခန့်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြပြီး …

Read More »

LED မီးလုံး၊ ဆိုလာစနစ် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နည်းပညာသစ်ကတ္တရာခင်းခြင်းလုပ်ငန်းများအား လာရောက်မိတ်ဆက်ရှင်းလင်း

FI

ဇွန် ၄ (ပဲခူး) ===================================           ဇွန်လ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပြည်ပကုမ္ပဏီ(၂)ခုမှ LED မီးလုံး၊ ဆိုလာစနစ် လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် နည်းပညာသစ် ကတ္တရာခင်းခြင်းလုပ်ငန်း များအား လာရောက်မိတ်ဆက်ရှင်းလင်းခဲ့သည်။           ရှေးဦးစွာ Royal Pole Star Service Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းဇော်က မိမိတို့ကုမ္ပဏီသည် ကိုရီးယားနိုင်ငံအခြေစိုက်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု (၁၀၀) ရာခိုင်နှုန်းဖြင့် ဆောင်ရွက်မည့်ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ငွေဆောင်နှင့် ချောင်းသာဟိုတယ်ဇုန်များအား (၂၄)နာရီ မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ စက်မှုဇုန်များအား မီးလင်းရေးလုပ်ငန်း များ၊ မြို့ဝင်/ထွက် လမ်းမီးများအား နှစ်(၂၀)အာမခံဖြင့် နှစ်ရှည်ရင်းနှီးမြှုပ်မှု ဆောင်ရွက်လိုပါ ကြောင်း တင်ပြဆွေးနွေးခဲ့သည်။           ဆက်လက်၍ Zenith Spartans …

Read More »

ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

4

မေ ၁၈ (ပဲခူး) ================================= မေလ(၁၈)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ လိပ်ပြာကန်အနီး လိပ်ပြာကန်နှင့် မဂ္ဂတစ်လမ်းအကြား သနပ်ပင်ကားလမ်းမပေါ်ရှိ ဖွင့်ပွဲမဏ္ဍာပ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ပဲခူးခရိုင်မှတည်ဆောက်ခဲ့သော ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝင်းသိန်းတို့က အမှာစကားပြောကြားကြပြီး ဒေသခံပြည်သူ မြို့မိမြို့ဖ ဦးဝင်းက လမ်းခင်းပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပဲခူး-သနပ်ပင်-သံလျင်လမ်း (ပဲခူးမြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်းသစ်အား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာဦးအောင်ခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး …

Read More »

ရေတာရှည်မြို့နယ်အတွင်း စစ်တောင်မြစ်ကူးတံတား(၁)စင်း တည်ဆောက်မည့်နေရာသို့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

မေ ၁၄ (ရေတာရှည်) ================= မေလ (၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအနီး၌ စစ်တောင်းမြစ်ကူးတံတား (၁)စင်း တည်ဆောက်မည့်နေရာသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာနှင့် တောင်ငူမြို့နယ်၊ ကရင်ချောင်းကျေးရွာတို့အား ဖြတ်သန်းပြီး စစ်တောင်းမြစ်ကူးတံတား(၁)စင်း ဆောက်လုပ်ရန် စီစဉ်ထားရှိမှုအခြေအနေများကိူဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က စစ်တောင်မြစ်ကူးတံတား တည်ဆောက်ခြင်းသည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ တိုင်းရင်းသားပြည်သူများ  လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်းခြင်းအားဖြင့် စီးပွားရေးကူးလူးဆက်ဆံမှုများမှတစ်ဆင့် တစ်ဒေသနှင့် တစ်ဒေသ၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုများ ပိုမိုရရှိလာကာ အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အထောက်အကူပြုရာလည်းရောက်ကြောင်းနှင့် တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ လမ်းအူကြောင်းနှင့် …

Read More »

ပဲခူးမြို့၊ ရန်ကုန် – မန္တလေးလမ်း – ဘုရားလမ်း – ဆေးရုံလမ်း – လမ်း(၃၀)တို့ဆုံရာတွင် မီးပွိုင့်အသစ်တစ်ခု တပ်ဆင်ရန် စတင်ဆောင်ရွက်

FI

ဧပြီ ၃ (ပဲခူး) ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးမြို့၊ ရန်ကုန် – မန္တလေးလမ်း – ဘုရားလမ်း – ဆေးရုံလမ်းနှင့် လမ်း(၃၀)တို့ဆုံရာတွင် မီးပွိုင့်အသစ်တစ်ခုအား ၂၀၁၈ ခုနှစ်၊ သင်္ကြန်ရက်များမတိုင်မီ ပြီးစီးနိုင်ရန် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူကာ ဧပြီလ (၃)ရက်နေ့၊ နံနက်ပိုင်းမှစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။           နာရီစင်လမ်းဆုံရှိ မီးပွိုင့်အား ပြန်လည်တပ်ဆင်သွားမဟုတ်ပါ၊ သနပ်ပင်လမ်းအား နာရီစင် လမ်းဆုံမှ လမ်း(၃၀)အထိ တစ်လမ်းမောင်း(One Way)အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ သနပ်ပင် ဘက်မှ လာမည်ဆိုလျှင် လမ်း(၃၀)မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းသို့ ၀င်ရောက်လာရမည်ဖြစ် သည်။ ရန်ကုန်မှ သနပ်ပင်မြို့သို့သွားလျှင် နာရီစင်လမ်းဆုံ၌ (Free Way) လမ်းကြောင်းအတိုင်း ၀င်ရောက်ရမည် ဖြစ်သည်။           မီးပွိုင့်တပ်ဆင်သွားမည့် ယခင်လမ်းလယ်ကျွန်းနေရာမှ အကျယ်(၃၀)ပေခန့်  ပြန်လည်တူးဖော်ပြီး …

Read More »

ကျေးရွာမီးလင်းရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်ခြင်း

Village Plane

ဧပြီ ၂ (ပဲခူး) =============== ကျေးရွာမီးလင်းရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်ခြင်းနှင့် စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာတွင် ပါဝင်ရမည့် အချက်အလက်များ အပြည့်အစုံ ကြည့်ရှုရန်———————

Read More »

ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ (၅ဝဝ)ကေဗွီ ဘုရားကြီး(ပဲခူး)ပင်မဓာတ်အားခွဲရုံ တည်ဆောက်မည့်နေရာနှင့် ဇောင်းတူရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

FI

မတ် ၁၀ (ပဲခူး) ================================== လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် မတ်လ(၁၀)ရက်နေ့ နံနက်(၆:၃၀)နာရီအချိန်က ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၉)အနီးတွင် (၅ဝဝ)ကေဗွီ ဘုရားကြီး(ပဲခူး)ပင်မဓါတ်အားခွဲရုံ တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ တိုက်ကြီးကျေးရွာအနီးရှိ ဇောင်းတူရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုရာ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့် စက်ရုံတာဝန်ခံတို့က ရှင်းလင်းတင်ပြခြင်း၊ ဝန်ကြီးချုပ်မှ ဇောင်တူးကျေးရွာအနီးတွင် ဇောင်တူးရေအားလျှပ်စစ် ဓာတ်အားစက်ရုံတည်ရှိသော်လည်း ဇောင်တူကျေးရွာ လျှပ်စစ်မီးမရရှိသေးခြင်းနှင့် ပတ်သက်၍တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးချုပ်တင်ပြသော ဇောင်းတူကျေးရွာအား မီးလင်းအောင်ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များ ဌာနတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က စက်ရုံဝန်ထမ်းများအား ရိက္ခာဆန်များထောက်ပံ့ပေးအပ်ပြီး ရေအားလျှပ်စစ် စက်ရုံအားလှည့်ပတ်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »

ဒုတိယသမ္မတ ဦးမြင့်ဆွေ ခပေါင်းရေလွဲဆည်၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ပဲခူးရိုးမ စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

FI

ဖေဖော်ဝါရီ ၁၇ (အုတ်တွင်း) ==================================== ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ခပေါင်းရေလွဲဆည်၊ ခပေါင်းရေ လှောင်တမံ၊ ခပေါင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပဲခူးရိုးမစိမ်းလန်း စိုပြေရေးဆောင် ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဒုတိယသမ္မတဦးမြင့်ဆွေသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် တာဝန်ရှိသူများ နှင့်အတူ နံနက် ၇နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ခပေါင်းရေလွဲ ဆည်သို့ရောက်ရှိပြီး ရေလွဲဆည်မှ မြောင်းမကြီးများအတွင်းသို့ စိုက်ပျိုး ရေပို့လွှတ်နေမှုများကို ကြည့်ရှုသည်။ ထို့နောက် ဒုတိယသမ္မတသည် ခပေါင်းရေလှောင်တမံသို့ရောက်ရှိရာ ရှင်းလင်း ဆောင်ရှုရပ်မှ ရေလှောင်တမံအတွင်း ရေသိုလှောင်မှုအခြေအနေများကို ကြည့်ရှုသည်။ ယင်းနောက် ဒုတိယသမ္မတအား ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ခပေါင်းရေလှောင်တမံ၏ ရေသိုလှောင်မှု၊ မိုးရေချိန်နှင့်ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေနိုင်မှု၊ တမံတည်နေရာ၊ တမံအမျိုးအစား၊ ရေပိုလွဲနှင့် ရေလွှဲဆည်တည်ဆောက်ထားရှိမှု၊ …

Read More »

ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်တို့ခေတ္တမီးပျက်မည်

Slide1

ဖေဖော်ဝါရီ ၉(ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ကမာနတ်ပင်မဓာတ်အားခွဲရုံရှိ (၁၀၀)အမ်ဗွီအေ ထရန်စဖော်မာ၏ (၃၃)ကေဗွီမိန်းရှိ Y-phase CT တွင် Terminal အရင်းမှ ဆီအနည်းငယ်ယိုစိမ့်နေပါသဖြင့် ၎င်းCTအား လိုအပ်သော ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၁၀-၂-၂၀၁၈)ရက်နေ့ နံက်(၈)နာရီမှ မွန်းလွဲ(၂)နာရီအထိ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Read More »