Home / အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင် မြှင့်တင်ရေးလှုပ်ရှားမှု ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁၃ (ပဲခူး) =================================== အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ILOတို့ပူးပေါင်းပြီး ဇန်နဝါရီလ(၁၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာကျော်ဟိုတယ်ခန်းမတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်မြှင့်တင်ရေး လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းတို့က လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးသည် လူတိုင်းအတွက် အရေးကြီးသည့်ကိစ္စဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ်ဆိုသည့် ဆိုရိုးနှင့်အညီ ကြိုတင်ကာကွယ်ရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိအမြင်မြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်းသည်လည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ်ကောင်းမွန်ရန် အထောက်အပံ့တစ်ရပ်ဖြစ်ကြောင်း၊ အလုပ်ရှင်များအနေဖြင့် အမြတ်အစွန်းရလိုမှုကိုသာမကြည့်ဘဲ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရန် တာဝန်ယူသည့် စီးပွားရေးဆောင်ရွက်မှုဖြစ်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားကြသည်။ ထို့နောက် ILO Vision Zero Fund …

Read More »

လုပ်ငန်းခွင့်ထိခိုက်မှုဖြင့် သေဆုံးသွားသူ၏ ကျန်ရစ်သူမိသားစုအား ၂၀၁၂ ခုနှစ်​၊ လူမှုဖူလုံ​ရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁ (ပဲခူး) ============================ ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးဦးစီးဌာနမှူးရုံး၌ နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့နယ်လူမှုဖူလုံရေးရုံးနှင့် အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံများမှ လုပ်ငန်းခွင်ထိခိုက်မှု ဖြင့် သေဆုံးသွားသည့် အာမခံအလုပ်သမား (၃)ဦး၏ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း အဆ(၃၀)အား ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကိုကို က အဖွင့်အမှာစကား ပြောကြားပြီး၊ အင်းလေးရှူးဖိနပ်စက်ရုံမှ လုပ်ငန်းခွင့်အတွင်း သေဆုံးခဲ့သည့် မောင်ရဲရင်ကျော်အတွက် နာရေးစရိတ် ထောက်ပံ့ငွေ (၃၄၂၀၃၆၀)အား ကျန်ရစ်သူမိသားစုကိုလည်း ကောင်း၊ GoldenBerg Plastic Metal Co.ltd မှ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် ဦးလှထွန်း အတွက် နာရေးစရိတ် ထောက်ပံ့ငွေ (၃၄၇၂၉၂၀)အား ကျန်ရစ်သူမိသားစုကိုလည်းကောင်း၊ Win & Win …

Read More »