Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန

သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန

ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ လှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

FI

ဇူလိုင် ၈ (ပဲခူး) =================================== ဇူလိုင်လ(၈)ရက်နေ့ နံက်(၇)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၃)ရပ်ကွက်ရှိ ဥဿ ာ(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပဲခူးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ သယံဇာတ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်နှင့် သစ်တောဝန်ထမ်းများ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှုး ဆရာကြီးဦးကျော်ဆင့်၊ ဒုတိယညွှန်ကြားရေးမှုး(စီမံ) ဆရာမကြီးဒေါ်မေသက်နွယ်နှင့် ဆရာ/မများ၊ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် မိဘများတက်ရောက်ပြီး ပိတောက်၊ စိန်ပန်း၊ ခရေ၊ ကျွန်း၊ ပျဉ်းမငူ၊ ဗန်ဒါ၊ ကန့်ကော် စသည့် အပင်ပေါင်း(၂၀၀)ကျော်အားစိုက်ပျိုးပေးကြသည်။ ပညာရေးပြက္ခဒိန်ပါ ပညာသင်နှစ်အလိုက် ဇူလိုင်လ ဒုတိယပတ်၏ တနင်္ဂနွေနေ့အား ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့သတ်မှတ်ပြီး တစ်နိင်ငံလုံးအတိုင်းအတာအရ အခြေခံပညာကျောင်းအလိုက် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ …

Read More »

ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၁၉ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

FI

ဇွန် ၁၈ (ပဲခူး) ================================= ဇွန်လ(၁၈)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ ကန်တော်ကြီး ကြိုးပြင်ကာကွယ်တောအတွင်း၌ ပဲခူးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ၂၀၁၈-၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် သပြေ၊ သင်းဝင်၊ သင်္ဃန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ ကံ့ကော်၊ မယ်ဇယ်၊ ပျဉ်းမ၊ မဟော်ဂနီ၊ ယင်းမာ၊ တမလန်း၊ ရွှေဝါး၊မျှင်ဝါး စသည့် ပျိုးပင်းပေါင်း (၅၆၀)ပင်အား စိုက်ပျိုးကြပြီး ဝန်ကြီးချုပ်မှ မဟော်ဂနီပင်ကိုလည်းကောင်း၊ တရားသူကြီးချုပ်မှ ယင်းမာပင်ကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့က ကံ့ကော်ပင်ကိုလည်းကောင်း အသီးသီးစိုက်ပျိုးပေးကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၁၉ ခုနှစ်မိုးရာသီ ဇွန်၊ ဇူလိုင်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန် တစ်ခရိုင်လျှင် ပျိုးပင်ပေါင်း ၃၅ဝဝဝဝ စီ ဖြန့်ဝေပေးထားပြီး စုစုပေါင်း (၁၄)သိန်း …

Read More »

ပဲခူးမြို့၊ မြို့တော်ခန်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

ဇွန် ၅ (ပဲခူး) =================================             ဇွန်လ (၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား ပြောကြားရာတွင် အဖွဲ့အစည်းအားလုံးမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ကြသည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မဖြစ်မနေ စဉ်းစားထည့်သွင်း လုပ်ဆောင်ကြရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လက်ရှိနှင့်အနာဂတ် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို လေးလေး နက်နက်လုပ်ဆောင်ကြရန် ပြောကြားသည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားပြီး တက်ရောက်လာကြသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Video မှတ်တမ်းအား ပြသပေးခဲ့သည်။ …

Read More »

ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ရန်စီစဉ်

FI

ဧပြီ ၉ (ပဲခူး) ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ဧပြီလ (၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတို့ကို ကာကွယ်တားဆီးရေးကြီးကြပ်မှုကော်မတီ (၁/၂၀၁၈) အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ နှင့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။           ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ်ခိုးထုတ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက် မှုများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းက သစ်ခိုးထုတ် မှုများနှင့်ပတ်သက်၍ အဓိကအားဖြင့် တရားဝင်သစ်စက်များတွင် တရားမဝင်သစ် ဝယ်ယူမှု မရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား သစ်တောဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးရန်၊ သစ်ခုတ်ခြင်း၊ …

Read More »

တောင်ငူမြို့နယ် ပန်းပဲတိုးချဲ့ကြိုးဝိုင်းနှင့် ခပေါင်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

FI

ဖေဖော်ဝါရီ ၂၈ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်(၃)၏ သတင်းဖော်ထုတ်ချက်အရ (၂၇-၂-၂၀၁၈) ရက်နေ့တွင် (သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် စီမံခန်ခွဲရေး)ဦးဆောင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တောင်ငူ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ အုတ်တွင်းမြို့နယ်၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်များမှ ဦးစီးအရာရှိများ၊ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ တောင်ငူမြို့နယ်၊ ပန်းပဲတိုးချဲ့ကြိုးဝိုင်းနှင့် ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်း/သစ်မာ၊ သစ်လုံး/ခွဲသား စုစုပေါင်း (၄၆)တန်ခန့်နှင့် တရားမဝင် သစ်စက်အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါတရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ဆက်လက်၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read More »

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ ဝင်္ဂဘော်ဆင်စခန်းအား လာရောက်ကြည့်ရှု

FI

ဖေဖော်ဝါရီ ၂၈ (ပဲခူး) ==================           ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ညနေ(၄)နာရီအချိန်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ ပဲခူး မြို့နယ်၊ ဝင်္ဂဘော်ကျေးရွာ၊ ဝင်္ဂဘောဆင်စခန်းသို့ ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများ၊ ဝင်္ဂဘော် ဆင်စခန်း တာဝန်ခံတို့နှင့် တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ မြန်မာ့သစ်လုပ်ငန်း၊ အထွေထွေမန်နေဂျာ(ရုံးချုပ်) ဦးလှမိုးအောင်နှင့် ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးတို့က ဝင်္ဂဘော်ဆင်စခန်းနှင့်ပတ်သက်သည့် အချက်အလက်များ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ ဒုတိယ သမ္မတက လိုအပ်သည်များ ဖြည့်စွက် လမ်းညွန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဝင်္ဂဘော်ဆင်စခန်းမြေ အမည်ပေါက်ရရှိရေး၊ ခြံစည်းရိုးကာရံနိုင်ရေးတို့ ဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။           ထို့နောက် ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝင်္ဂဘော်ဆင်စခန်းအတွင်းရှိ ဆင်များအား …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ======================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၁၉.၂.၂၀၁၈) ရက်နေ့မှ (၂၅.၂.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ် ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊  ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၄)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်းကျွန်း (၃၅.၂၁၈၃ တန်)၊ သစ်မာ (၄၆.၁၉၆၆ တန်)၊ အခြားသား (၂.၉၅၂၈ တန်)၊ မီးသွေး (၂၆.၄၈၄၈ တန်)နှင့် ဆက်စပ်ပစ္စည်းများအဖြစ် တရားခံ (၂) ဦး၊ ဆိုင်ကယ် (၉) စီးနှင့် ကား (၁) စီးအား ဖမ်းဆီးရမိခဲ့ပါသည်။             အဆိုပါတရားမဝင်သစ်နှင့် …

Read More »

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ချောင်းကူးတံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်

FI

ဖေဖော်ဝါရီ ၁၉ (ပဲခူး) ==================== ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြောင့် ပျက်စီးသွားသော ချောင်းကူတံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ် ပြုလုပ်သည်။ ရှေးဦးစွာ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော သစ်သားတံတား(၂)စင်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသော ငွေကျပ်(၂၀၃.၉၁၈)သိန်းအား ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က ပေးအပ်ရာ၊ ပဲခူးတိုင်းဒေသကြီးသယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် သနပ်ပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်တို့က လက်ခံရယူခဲ့သည်။ အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာအဝင် စစ်တောင်းမြစ်လက်တက်ချောင်းအား ဖြတ်သန်းတည်ဆောက်ထားသော တံတားဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့၌ စစ်တောင်းမြစ်ဒီလှိုင်း ရိုက်ခတ်မှုကြောင့် စက်လှေမျှောပါလာပြီး တံတား(၂)စင်းအား အရှိန်ဖြင့်ရိုက်ခတ်ခဲ့ရာ ပျက်စီးသွားခဲ့သည်။ …

Read More »

ဒုတိယသမ္မတ ဦးမြင့်ဆွေ ခပေါင်းရေလွဲဆည်၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ပဲခူးရိုးမ စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

FI

ဖေဖော်ဝါရီ ၁၇ (အုတ်တွင်း) ==================================== ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ခပေါင်းရေလွဲဆည်၊ ခပေါင်းရေ လှောင်တမံ၊ ခပေါင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပဲခူးရိုးမစိမ်းလန်း စိုပြေရေးဆောင် ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဒုတိယသမ္မတဦးမြင့်ဆွေသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် တာဝန်ရှိသူများ နှင့်အတူ နံနက် ၇နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ခပေါင်းရေလွဲ ဆည်သို့ရောက်ရှိပြီး ရေလွဲဆည်မှ မြောင်းမကြီးများအတွင်းသို့ စိုက်ပျိုး ရေပို့လွှတ်နေမှုများကို ကြည့်ရှုသည်။ ထို့နောက် ဒုတိယသမ္မတသည် ခပေါင်းရေလှောင်တမံသို့ရောက်ရှိရာ ရှင်းလင်း ဆောင်ရှုရပ်မှ ရေလှောင်တမံအတွင်း ရေသိုလှောင်မှုအခြေအနေများကို ကြည့်ရှုသည်။ ယင်းနောက် ဒုတိယသမ္မတအား ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ခပေါင်းရေလှောင်တမံ၏ ရေသိုလှောင်မှု၊ မိုးရေချိန်နှင့်ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေနိုင်မှု၊ တမံတည်နေရာ၊ တမံအမျိုးအစား၊ ရေပိုလွဲနှင့် ရေလွှဲဆည်တည်ဆောက်ထားရှိမှု၊ …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဖေဖော်ဝါရီ ၁၄ (ပဲခူး) =================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၆.၂.၂၀၁၈) ရက်နေ့ မှ (၁၃.၂.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည် မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါး မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊  ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၃) မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၂၆.၄၀၉၄ တန်)၊ သစ်မာ (၅၄.၄၈၇၈ တန်)၊ အခြားသား (၁၂.၉၈၆၄ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် တရားခံ (၆) ဦး၊ ဆိုင်ကယ် (၈) စီး နှင့် ကား (၃) စီးအား ဖမ်းဆီးရမိခဲ့ပါသည်။ …

Read More »