Home / လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန

ပြည်နှင့်ရွှေတောင်မြို့နယ်တို့မှ ပြန်လည်စွန့်လွှတ်မြေများအား ယာယီပုံစံ(၃)ပေးအပ်ပွဲကျင်းပ

FI

သြဂုတ် ၆ (ပြည်) ==================        သြဂုတ်လ(၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်မြို့၊ မူယာပင်ခန်းမတွင် ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့မှ ပြန်လည်စွန့်လွှတ်မြေများအား ယာယီပုံစံ(၃)ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက စွန့်လွတ်လယ်ယာမြေများ ပြန်လည်ပေးအပ်ခြင်းသည် တောင်သူလယ်သမားများအတွက် စီးပွားရေး၊ လူမှုရေးများနှင့် တောင်သူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးကို တန်ဖိုးထားခြင်းကြောင့် ဖြစ်ကြောင်း၊ မြေယာကို ရောင်းကုန် တစ်ခုလို စျေးကွက်ဖန်တီနေခြင်းကို မလိုလားပဲ၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမျိုးကို လိုလားကြောင်း၊ တောင်သူလယ်သမားများအတွက် ပုံစံ(၃)မှ တစ်ဆင့် ပုံစံ(၇)ရရှိသည်အထိ ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးမည်ဖြစ်သလို၊ နိုင်ငံတော်မှ ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်၍ ပြန်ဆပ်ရန်အချိန်ကြရောက်လာပါက မှန်မှန်ကန်ကန် ပြန်လည် ပေးဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေသည် စိုက်ပျိုးရေးအတွက်သာ အသုံးပြုရန်ဖြစ်ပြီး အခြားနေရာတွင် အသုံးမပြုကြရန် သတိချပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် …

Read More »

စွန့်လွှတ်မြေများ တောင်သူလက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲကျင်းပ

FI

ဇူလိုင် ၁၁ (ကြို့ပင်ကောက်) ================================= ဇူလိုင်လ(၁၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က သာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးတွင် ကြို့ပင်ကောက်မြို့နယ် ရှားပင်တကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများနိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအပေါ် တောင်သူများသို့ ပြန်လည် ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီး နှင့် တက်ရောက်လာကြ သည့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းသိန်း၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က ကရင်ချောင်းကျေးရွာဧရိယာ(၁၈၃.၆၀)ဧက အတွင်းရှိတောင်သူ(၂၃)ဦးတို့၏လက်ဝယ်သို့ ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များ ပေးအပ်ကြကြောင်းသိရသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအပေါ် ကြို့ပင်ကောက်မြို့နယ် ရှားပင်တကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၆)၊ …

Read More »

သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

မေ ၁၀ (ပဲခူး) ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ (၁၀)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်က သိမ်းဆည်းလယ်ယာမြေများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အမှုတွဲများ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် သိမ်းဆည်းမြေဆိုင်ရာလုပ်ငန်း စိစစ်ရေးဗဟိုအဖွဲ့နှင့် ညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများအား  ဌာနဆိုင်ရာများမှ စွန့်လွတ်ပေးခဲ့ပါက မူလပိုင်ရှင်များထံသို့  အမြန်ဆုံး ပြန်လည်ရရှိနိုင်ရေး၊ ပြန်လည်မစွန့်လွတ်ပေးပါက မြေယာအစားထိုး(သို့မဟုတ်) နစ်နာကြေး ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ ကြန့်ကြာနေသည့် မြေယာအမှုတွဲများအား ယခုတွေ့ဆုံပွဲမှ ရရှိလာသည့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ခရိုင်/မြို့နယ်အဆင့်ဆင့်သို့ ညွှန်ကြား ဆောင်ရွက်သွားရန်နှင့် သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် နိုင်ငံတော်သမ္မတရုံး၊ ဒုတိယဝန်ကြီး ဦးမင်းသူက လက်ရှိအစိုးရတာဝန်ယူပြီး နောက် …

Read More »

ပဲခူးမြို့နယ်၊ အင်းတကော်မြို့၌ စွန့်လွှတ်မြေများအား တောင်သူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

FI

ဖေဖော်ဝါရီ ၂၀ (ပဲခူး) ===================== အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများ နိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအား တောင်သူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊အမှတ်(၆)ရပ်ကွက် ရွှေစာဝင်းခန်းမတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာ မြေပိုင်ရှင်အစစ်အမှန်သည် နိုင်ငံတော်သာဖြစ်ကြောင်း၊ အစိုးရဌာနများနှင့် ပြည်သူများသည် နိုင်ငံတော်မှ မြေယာများအား ငှားရမ်းအသုံးပြုနေခြင်းသာဖြစ်ကြောင်း၊ ယခုလို ပြန်လည်ပေးအပ်သည့် မြေယာများအား အကျိုးရှိရှိ အသုံးချသွားရန် လိုအပ်ကြောင်း၊ တောင်သူများ အဆင်ပြေစွာ လုပ်ကိုင် စားသောက်နိုင်ရန်အတွက် နိုင်ငံတော်မှ ပြန်လည်အငှားချထားပေးခြင်းကိုလည်း နားလည်သဘော ပေါက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံမှုများ ပြန်လည် စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းသိန်းက …

Read More »

သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ခွဲဝေချထားပေးနိုင်ရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၆ (ဖြူး) =================== ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သိမ်းဆည်းမြေများနှင့်ပတ်သက်၍ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ သိမ်းဆည်းခံမြေများ ပြန်လည်ခွဲဝေချထားပေးရာတွင် မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ အကောင်းဆုံးအသုံးချရန်၊ မြေယာကိစ္စများ စစ်ဆေးဖြေရှင်းရာတွင် အခက်အခဲများအား ချက်ချင်းတင်ပြပေးရန်၊ မြေယာများအား ညှိနိုင်းတိုင်ပင်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ရန် ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော ဖြူး၊ အုတ်တွင်း၊ တောင်ငူဒေသများရှိ လယ်သမားနှင့် တောင်သူများက သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး၊ မြေလွတ်မြေရိုင်းများတွင် ပုံစံ (၁)၊ (၃)၊ (၇)များ ထုတ်ပေးနိုင်ရေး၊ အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် နစ်နာသောလယ်မြေများအား နစ်နာကြေး ပြန်လည်ပေးအပ်ရေးများ တင်ပြခဲ့ရာ တိုင်းဒေသကြီးမြေစာရင်းဦးစီးမှူး ဦးမင်းသိန်းမှ ပြန်လည်ရှင်းလင်းပြောကြားပေးသည်။ ထို့နောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး၊ …

Read More »