Home / 2018 / August

Monthly Archives: August 2018

ကောလိယရေလွှဲဆည်အား ကွင်းဆင်းစစ်ဆေး

FI

သြဂုတ် ၃၁(ပဲခူး) ============= သြဂုတ်လ (၃၁)ရက်နေ့၊ ညနေ(၆)နာရီခွဲအချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွန့်တို့ ဒိုက်ဦးမြို့နယ်၊ ကောလိယ ရေလွှဲဆည်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။ ပြည်သူများအနေဖြင့် ပြင်ပကောလဟာလ သတင်းများအား မယုံကြည်ကြပါရန်နှင့် ဆည်/တာတမံများအား သက်ဆိုင်ရာဆည်/ရေအဖွဲ့များမှ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လျက်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။

Read More »

တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လာရောက်လှူဒါန်း

FI

သြဂုတ် ၃၁ (ပဲခူး) ================== သြဂုတ်လ (၃၁)ရက်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်းသို့ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စိန်နန်းစံကုမ္ပဏီ မိသားစုမှ အလှူငွေ သိန်း(၅၀)ကျပ်အား လာရောက်လှူဒါန်းခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

Read More »

တောင်ငူမြို့ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများသို့ ဆန်ရိက္ခာဖိုး ထောက်ပံ့

1

သြဂုတ် ၃၀ (တောင်ငူ) ================== သြဂုတ်လ (၃၀)ရက်နေ့၊ ည(၇)နာရီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ် အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးခဲ့သည်။ တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း (၃၅)ခုရှိ ရေဘေးသင့်ပြည်သူ (၁၉၆၄၇)ဦးအတွက် တစ်ဦးလျှင် (၇)ရက်စာ (၂၁၀၀)နှုန်းဖြင့် စုစုပေါင်း ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၁၂၅၈၇၀ဝိ/-)အား ထောက်ပံ့ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ရေဘေးကယ်ဆယ်ရေးခစန်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၆)လ အောက်ကလေးငယ်များအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ဆွာချောင်းဘေလီတံတား တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

FI

သြဂုတ် ၃၀ (ပဲခူး) =============================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ ဩဂုတ်လ(၃၀)ရက်နေ့ (၁၂:၃၀) နာရီတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ လိုက်ပါလျက် ဆွာရေလှောင်တမံရေပိုလွှဲကျိုးပဲ့မှု ကြောင့် အမြန်လမ်း မိုင်တိုင် (၁၆၅/၁)ရှိ ဆွာချောင်းတံတား နိမ့်ကျကျွံဝင်သည့် တံတားနေရာတွင် လမ်းဦးစီးဌာနမှ ယာယီ ဘေလီတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ လက်ရှိအချိန်တွင် အဆိုပါ ဆွာချောင်းတံတားပေါ်တွင် ခရီးသွားယာဉ်များကို အလှည့်ကျ ဖြတ်တန်း မောင်းနှင်ခွင့် ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Read More »

ရန်ကုန်-မန္တလေး(လမ်းဟောင်း) ညနေပိုင်းတွင် ပုံမှန်သွားလာနိုင်တော့မည်ဖြစ်

6

သြဂုတ် ၃၀ (ပဲခူး) =================           သြဂုတ်လ (၂၉)ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျခဲ့မှုကြောင့် ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင်အမှတ် (၁၉၈/၇)နှင့် (၁၉၉/၀)ကြားရှိ တံတားအမှတ် (၄/၁၉၉)တံတား ပျက်စီးခဲ့သည်။           သြဂုတ်လ (၃၀)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ကားသေးများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပြီး၊ ညနေပိုင်းတွင် အရှည်(၆၀)ပေ၊ အကျယ် (၁၂)ပေရှိ ဘေလီတံတား (၁)စင်း ထပ်မံပြီးစီးမည်ဖြစ်၍ ကားကြီးများပါ သွားလာနိုင်တော့မည် ဖြစ်သည်။           သြဂုတ်လ (၃၁)ရက်နေ့တွင် အရှည်(၆၀)ပေ၊ အကျယ် (၁၂)ပေရှိ ဘေလီတံတား (၁)စင်း ထပ်မံဆောက်လုပ်မည်ဖြစ်၍ ရန်ကုန်-မန္တလေး(လမ်းဟောင်း) ပုံမှန်အတိုင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။  

Read More »

အဝေးရောက်ကရင်တိုင်းရင်းသားများက ဆွာမြို့ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူ ငွေလှူဒါန်း

FI

သြဂုတ် ၃၀ (ပဲခူး) ============== သြဂုတ်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အတွင်းရေးမှုးရုံးခန်းသို့ ဆွာမြို့ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဝေးရောက် ကရင်တိုင်းရင်းသားများက အလှူငွေများလှူ ဒါန်းမှုပြုလုပ်သည်။ လှူဒါန်းမှုပြုလုပ်ရာတွင် အဝေးရောက်ကရင်တိုင်းရင်းသားများကိုယ်စား ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေးက အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းထံ အလှူငွေကျပ်(၂၅)သိန်း ပေးအပ်လှူဒါန်းရာ အတွင်းရေးမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Read More »