Daily Archives: September 1, 2018

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေးဘေးကယ်ဆယ်ရေးစခန်းနှင့် တံတားပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု

FI

စက်တင်ဘာ ၁(တောင်ငူ) ================== စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့၊ အမှတ်(၂၀)ရပ်ကွက်၊ လောကုတ္တရာစေတီ၊ ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး၊ ထောက်ပံ့ငွေ၊ ရေသန့်၊ ဆန်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ဆွာချောင်းပေါ်ရှိ ဆွာမြို့ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း(ရေနီးကျေးရွာနှင့် သရက်တောကျေးရွာ) ဆက်သွယ်ထားသည့် ရေနီးကျေးရွာချင်းဆက်တံတား ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဆွာမြို့အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိခဲ့ရာ၊ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆွာချောင်းရေလှောင်တမံနှင့်ပတ်သက်၍ ရေဘေးသင့်ခံခဲ့ရသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ၊ ဝန်ကြီးချုပ်က ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များအား လမ်းညွှန်မှာ ကြားခဲ့သည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ထန်းတပင်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ်မှု အခြေအနေအား လိုက်လံကြည့်ရှု

FI

သြဂုတ် ၃၁ (တောင်ငူ) ====================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် သြဂုတ်လ(၃၁)ရက်နေ့ ညနေ(၄)နာရီအချိန်က စစ်တောင်းမြစ်ရေနှင့် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ထန်းတပင်မြို့နယ်တို့တွင် ရေကြီးနစ်မြှု ပ်မှုအခြေအနေအား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့သည်။ ရှေ့ဦးစွာ ထန်းတပင်မြို့နယ်အတွင်းရှိ ဆိတ်ကြီးတာ ရေကျော်သည့်နေရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများက မြေဖို့ခြင်းလုပ်ငန်းစုပေါင်းလုပ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ ခပေါင်းခန်းမတွင်ဖွင့်လှစ်ထားရှိသော တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်း အလှူရှင်များမှ လာရောက်လှူ ဒါန်းမှုအခြေအနေ၊ စနစ်တကျထားသို ပြန်လည်ဖြန့်ဝေမှုအခြေအနေများကို ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပစ္စည်းများအမြန်ဆုံး ရောက်ရှိအောင်ပြန်လည်ဖြန့်ဝေပေးရန် တာဝန်ရှိသူများကိုလမ်းညွှန်မှာကြားကာ အမှတ်(၁၉)ရပ်ကွက်၊ အထက(၅)၊ အမှတ်(၂၀)ရပ်ကွက် အထက(၄) ယာယီကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့်သွားရောက်တွေ့ဆုံပြီး ဆန်ရိက္ခာဖိုးငွေများနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် ဆွာချောင်းတမံရေပိုလွှဲပဲ့ကျမှု၊ စစ်တောင်းမြစ်ရေမြင့်တက်လာမှုတို့ကြောင့် …

Read More »