Daily Archives: September 2, 2018

ဖြူးမြို့နယ် ဝဲကြီးတောင်-မြောက် ကျေးရွာချင်းဆက်တံတား ရေကျော်မှုအခြေအနေအားကြည့်ရှု

FI

စက်တင်ဘာ ၂ (ဖြူး) ========================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂)ရက်နေ့ ညနေ(၄)နာရီအချိန်က တာဝန်ရှိသူများနှင့်အတူ ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးတောင်နှင့် ဝဲကြီးမြောက် ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးတံတား ရေဖြတ်ကျော်စီးဆင်းနေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါတံတားသည် အရှည် (၁၈၅)ပေရှိ သစ်သားတံတားအဖြစ် ကျေးရွာသူ/သားများက ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော ကျေးရွာချင်းဆက်တံတားဖြစ်ပြီး ယခုအခါ စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် တံတားပေါ်မှာရေနစ်မြှုပ်လျှက်ရှိသည်။ တံတားရေရှည်တည်တံ့ခိုင်ခန့်ရန်အတွက် ကျေးရွာသူ/သားများက ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ပေးရန် တင်ပြတောင်းဆိုကြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာတာဝန်ရှိသူများအား တွက်ချက်တင်ပြရန် လမ်းညွှန်မှာကြားကာ တံတားတွင် အမှိုက်များရှင်းလင်းပေးနေသော လုပ်အားပေးအဖွဲ့အား အလှူ ငွေကျပ်(၁)သိန်းပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူး-အုတ်ဖြတ်-မုန်းလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)လျာထား တံတားအူကြောင်းနေရာအား သွားရောက်ကြည့်ရှုရာ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှုး(မြို့ပြ)ဦးဇော်ထွန်းက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြူးမြို့နယ် လက်ပံခုန်ကျေးရွာ ရေဝင်ရောက်မှုအားကြည့်ရှု

FI

စက်တင်ဘာ ၂ (ဖြူး) =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်ရှိ လက်ပံခုန်ကျေးရွာ ရေဝင်ရောက်မှုအခြေအနေအား သွားရောက်ကြည့်ရှုကြသည်။ ဖြူးမြို့နယ်အတွင်း သစ်ချောက်ခင်၊ အုတ်ဖြတ်၊ ဘန်းလောင်၊ ကညင်ဒိုင်းစသည့်ကျေးရွာအုပ်စု(၄)အုပ်စုမှ ရှားပင်ရှောင်၊ ရေဦး၊ လက်ပံခုန်၊ သောင်ပု(ရွာသစ်)၊ အုတ်ဖြတ်၊ ဘန်းလောင်၊ လက်ပံတန်း၊ ကျောက်စောင်း၊ ငှက်ပျောတော၊ ကညင်ဒိုင်းကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိပြီး အဆိုပါကျေးရွာများမှ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ(၃၆၇)ဦး ရေဘေးသင့်သော်ခဲ့သော်လည်း ကျေးရွာအတွင်းရှိ နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီခိုလှုံလျှက်ရှိကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ ဗျက်ကလေးကျေးရွာရေဝင်ရောက်မှု အခြေအနေအားကြည့်ရှု

FI

စက်တင်ဘာ ၂ (အုတ်တွင်း) =================== စက်တင်ဘာလ(၂)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ ဗျက်ကလေးကျေးရွာ ရေဝင်ရောက်မှုအခြေအနေအား သွားရောက်ကြည့်ရှုပြီး ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ ထို့နောက် ကျွဲပွဲမြို့ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် ဖွင့်လှစ်ထားသော ရေးဘေးကယ်ဆယ်ရေးစခန်းသို့ ရန်ကုန်မြို့ လမ်းမတော်ဆုံဆည်းရာ ပရဟိတလူငယ်များအဖွဲ့မှ လာရောက်လှူဒါန်းသော ဆန် ရိက္ခာနှင့် ရေသန့်ဗူးများအား ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က လက်ခံရယူခဲ့ကြပြီး ကျွဲပွဲ-မြို့ဆိုး စစ်တောင်းတံတား ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် အုတ်တွင်းမြို့နယ်အတွင်း ရေကြီး ရေလျှံမှုဖြစ်ပေါ်လျှက်ရှိရာ ရေဘေးကယ်ဆယ်ရေးစခန်း (၇)ခုဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူ (၁၄၆၀)ဦးရှိကြောင်း သတင်းရရှိသည်။

Read More »

ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

FI

စက်တင်ဘာ ၂ (ရေတာရှည်) =============================== စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးတွင် ဆွာချောင်းတမံရေပိုလွှဲ ပဲ့ကျမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူ ဒါန်းပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုး ဦးမျိုးသိန်းက ထောက်ပံ့လှူ ဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန်နှင့် ရေကြီးမှုကြောင့် စိုက်ခင်းများ သဲဖုန်းပျက်စီးသွားသည့် ဧကစာရင်းကို အသေးစိတ်တိကျမှန်ကန်စွာ စာရင်းပြုစုနိုင်ရန် မြေပြင်ကွင်းဆင်းတိုင်းတာနိုင်ရေး မြေတိုင်းအဖွဲ့ ဖွဲ့စည်ပြီး တပတ်အတွင်း ပြန်လည်တင်ပြရန် တာဝန်ပေးလမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာပေါ်လင်လိပ် (၆ပေx၁၀၀ကိုက်)(၂)လိပ်၊ တာပေါ်လင်မိုးကာစ (၁၂ပေx၁၈ပေ)(၅၀)စ၊ သေဆုံးသူ(၄)ဦးအတွက် တစ်ဦးလျှင်(၃)သိန်းနှုန်းဖြင့် (၁၂)သိန်းကျပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူနီဆက်မှလှူဒါန်းသော တစ်အိမ်ထောင်သုံးပစ္စည်း(၄၀၀၀)ခု၊ ၁၀လီတာဆန့်ရေပုံး(၄၀၀၀)ပုံး၊ ၂၀လီတာဆန့်ရေပုံး(၄၀၀၀)ပုံး၊ ရေသန့်ဆေးမှုန့်(၁၀၀)ဗူး၊ ရေသန့်ဆေးပြား(၂၃၄)ပါကင်တို့အား တိုင်းဒေသကြီးသဘာဝဘေးကော်မတီဥက္ကဌက မြို့နယ်သဘာဝဘေးကော်မတီဥက္ကဌထံ ပေးအပ်လှူဒါန်းကြသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ …

Read More »

တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လာရောက်လှူဒါန်း

40684046_477523069394105_5229233085014343680_n

စက်တင်ဘာ ၂ (တောင်ငူ) ===================== စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမတွင်ဖွင့်လှစ်ထားသော တောင်ငူခရိုင်ကယ်ဆယ်ရေးကွပ်ကဲမှုရုံးတွင် တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထူးလင်းကုမ္ပဏီမှ မန်နေးဂျင်ဒါရိုက်တာဦးထူးအောင်က အလှူ ငွေကျပ်သိန်း(၅၀)အား ပေးအပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Read More »