Daily Archives: September 3, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးအတွက် မဏ္ဍိုင်(၃)ရပ် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

စက်တင်ဘာ ၃ (ပဲခူး) ============ စက်တင်ဘာလ (၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိမိမိတို့နိုင်ငံတွင် အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုအနေဖြင့် (Democratic Culture) ကို ရှေးရှုဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်သမ္မတကြီးမှလည်း ပြုပြင်ပြောင်းလဲရေးကာလမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသေးစိတ်ညွှန်ကြားထားရှိပြီဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတို့တွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် ပြည်သူ့ ဝန်ထမ်း(Public Servant)များပီပီ ခေတ်စနစ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးရှေးရှုပြီး အားကြိုးမာန်တက် တက်ညီလက်ညီ စနစ်တကျ လုပ်ကိုင်ကြရမှာဖြစ်ကြောင်း၊ ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီး …

Read More »

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

FI

စက်တင်ဘာ ၃ (ရေတာရှည်) ============== စက်တင်ဘာလ (၃)ရက်နေ့၊ နံနက်(၈)နာရီအချိန်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာမင်းလမ်းဓမ္မာရုံ၌ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ(ယာဘက်ခြမ်း) ပဲ့ကျခဲ့မှုကြောင့် ရေဘေးသင့်ခဲ့ရသော ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦ:စီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က အားပေးစကားပြောကြားခဲ့ကြပြီး၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေတာရှည်မြို့နယ်အတွင်း ပြိုလဲနေအိမ် (၉၇)လုံး၊ မျောပါအိမ် (၈၈)လုံးအတွက် နေအိမ်(၁)လုံးလျှင် (၂)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း(၃၇၀)၊ ရေတာရှည်မြို့နယ်တွင် သေဆုံးသူ(၄)ဦးနှင့် ဖြူးမြို့နယ်တွင် (၁)ဦး စုစုပေါင်း(၅)ဦးအတွက် တစ်ဦးလျှင်(၃)သိန်းနှုန်းဖြင့် (၁၅)သိန်းတို့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ပေးအပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြိုလဲ/မျောပါ နေအိမ် …

Read More »