Daily Archives: September 5, 2018

ဆွာချောင်းရေလှောင်တမံရေပိုလွဲ ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးထောက်ပံ့

FI

စက်တင်ဘာ ၄ (တောင်ငူ) ============================ စက်တင်ဘာလ(၄)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူခရိုင် ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ထားသော ရေးဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်မှ ဆွာချောင်းရေလှောင်တမံ ရေပိုလွဲကြိုးပေါက်မှုကြောင့် ပြိုလဲနေအိမ် (၁၈၅)လုံးအတွက် (၁)အိမ်လျှင် ဇင့်သွပ်(၂၅)ချပ်နှုန်းဖြင့် စုစုပေါင်း(၄၆၃၅)ချပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုနောက် စေတနာရှင်အလှူရှင်များဖြစ်ကြသော ကညွှတ်ကွင်းမြို့နေ သူရဦးရွှေမန်း+ဒေါ်စန်းရီ၊ ဒေါ်စန်းကြည်၊ ဦးအောင်မြင့်+ဒေါ်ကြည်ဝင်း မိသားစုတို့က လှူဒါန်းသော ဆန်တစ်တင်းခွဲ(၂၁)အိပ်၊ ဆန်(၁၂)ပြည်အိပ်(၆၀)၊ ရေသန့်ဘူး(၉၆)ကပ်၊ (MKTJ)အထပ်သားကုမ္ပဏီမှ အထပ်သားစိုက်စုံ (၈၀၃)ချပ် စုစုပေါင်းကျသင့်ငွေ (၉၉၃၆၉၀၀)ကျပ်၊ ပဲခူးမြို့နေ ဦးတင်စိုး+ဒေါ်စန်းစန်းမူ (နေလဝန်းပွဲရုံးမိသားစု)က ရေဘေးကြောင့် သေဆုံးသူ ရေတာရှည်မြို့နယ်မှ (၄)ဦး ဖြူးမြို့နယ်မှ (၁)ဦး စုစုပေါင်း(၅)တို့အတွက် တစ်ယောက်(၃)သိန်းနှုန်းဖြင့် ကျပ်ငွေ(၁၅)သိန်းတို့အား ဝန်းကြီးချုပ် ဦးဝင်းသိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ …

Read More »