Daily Archives: September 7, 2018

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့၊ ကသစ်ပင်ရိုး ကျောက်စီနံရံအဆင့်မြှင့်တင် ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၇ (ပဲခူး) =============    စက်တင်ဘာလ (၇)ရက်နေ့၊ ညနေ(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့၊ ဗန္ဓုလလမ်း(မဂ္ဂတစ်လမ်း)၊ လိပ်ပြာကန်ရပ်ကွက်၊ ရှင်စောပုရပ်ကွက်နှင့် နန်းတော်ရာရပ်ကွက်သို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ကသစ်ပင်ရိုးအား ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး နှင့် ရေထိန်းနံရံများ တည်ဆောက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ စည်ပင်သာယာရေးအဖွဲ့များနှင့် ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် များက ကသစ်ပင်ရိုးအခြေအနေ၊ မိုးရွာသွန်းမှုများပြားပါက ရေလျှံမှုအခြေအနေများနှင့် ၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကသစ်ပင်ရိုးအား ကျောက်စီမြေထိန်းနံရံ တည်ဆောက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က မြို့တွင်း ရပ်ကွက်များရှိ ချောင်းရိုးများ/ မြောင်းများအား မြို့အင်္ဂါရပ်နှင့်အညီ အပိုင်းအလိုက် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကသစ်ပင်ရိုးအား ကျောက်စီမြေထိန်းနံရံ တည်ဆောက်မည်ဖြစ်သလို တစ်ပါတည်း လိပ်ပြာကန်နှင့် ချိတ်ဆက်နိုင်မည့် လူသွားလမ်း ထည့်သွင်းလျာထား ဆောင်ရွက်စေလိုကြောင်း၊ ဒါမှသာ ပြည်သူများအနေဖြင့် မနက်ပိုင်းနှင့် ညနေပိုင်းများတွင် …

Read More »