Daily Archives: September 8, 2018

ပဲခူးမြို့တွင် လယ်ယာထွက်ကုန်အရည်အသွေးနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဆွေးနွေးပွဲကျင်းပပြုလုပ်

FI

စက်တင်ဘာ ၈ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက် ရှင်စောပုခန်းမတွင် လယ်ယာထွက်ကုန်အရည်အသွေးနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးဦးလှမြင့်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ဆွေးနွေးပွဲအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဈေးကွက်အကြောင်းကိုလည်းကောင်း၊ Win rock Int; မှဦးသက်ထွန်းအောင်က ပဲပုပ်မျိုးစေ့ထုတ်လုပ်ခြင်း တောင်သူအစုအဖွဲ့အကြောင်းကိုလည်းကောင်း၊ ရတနာဧရာအဖွဲ့မှ ဦးသူရအောင်က စပါးမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း တောင်သူအစုအဖွဲ့အကြောင်းကိုလည်းကောင်း၊ Network Activity Group(NAG)က မကွေးတိုင်းဒေသကြီး တောင်သူအစုအဖွဲ့အစည်းဆောင်ရွက်မှုနှင့် အောင်မြင်မှုအခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက်သမဝါမယဦးစီးဌာန(နေပြည်တော်)မှ သမဝါယမအသင်းများ ဖွဲ့စည်းရေးအတွက်အခြေခံလိုအပ်ချက်များကိုရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများနှင့် တောင်သူများက အုပ်စုများခွဲ၍ အသင်းဖွဲ့စည်းရေးဆိုင်ရာ လက်တွေ့သရုပ်ပြလုပ်ဆောင်ကြကာ သရုပ်ပြလုပ်ဆောင်ခြင်း၏ …

Read More »

ပဲခူးမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

FI

စက်တင်ဘာ ၈ (ပဲခူး) =================== စက်တင်ဘာလ(၈)ရက်နေ့ နံနက်က်(၁၀)နာရီအချိန်က ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးအဆင့်နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီးချင်းဖြင့်သီဆိုဖျော်ဖြေပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့အနောက်(ခ)အခြေခံပညာအထက်တန်းကျောင်းခွဲ တို့မှ ကျောင်းသား/သူလေးများက “ပန်းများပွင့်တော့မည်”၊  “ပြည်သူခေါ်သောလမ်း” တေးသရုပ်ဖေါ်ဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စာမဖတ်တတ်ခြင်း၊ စာမရေးတတ်ခြင်းတို့သည် လူအဖွဲ့အစည်း တစ်ခုလုံးကို အကြမ်းဖက်မှုနှင့် ပဋိပက္ခများဖြစ်ပေါ်စေသည့် အခြေအနေရှိခြင်းနှင့် ဆင်းရဲခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အဝန်းအဝိုင်းအတွင်း ပိတ်လှောင်ခြင်း ခံထားရသကဲ့သို့ရှိကြောင်း၊ စာမတတ်မြောက်ခြင်းသည် ပစ်ပယ်ခံရခြင်း၊ ဆင်းရဲခြင်းတို့နှင့် ထပ်တူထပ်မျှ တည်ရှိနေကြောင်း၊ လူအခွင့်အရေးနှင့် သိက္ခာအတွက် အခြေခံဖြစ်သည့် စာတတ်မြောက်ရေးသည် ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ကျား/မတန်းတူရည်တူ ခံစားခွင့် ပိုမိုပါဝင်နိုင်သော၊ ပိုမိုဆက်လက်တည်တံ့နိုင်သော လူအဖွဲ့အစည်းများအတွက် အရေးပါနေခြင်းတို့ကြောင့် စာတတ်မြောက်ရေးအတွက် အားလုံးပူးပေါင်း …

Read More »