Daily Archives: September 10, 2018

ပဲခူးတိုင်းဒေသကြီး၂၀၁၈ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

FI

စက်တင်ဘာ ၉ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီး ကြပ်ခြေနီကြီးကြပ်မှုကော်မတီမှဦးဆောင်၍ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် ၂၀၁၈ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအခမ်းအနားကျင်းပလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက စွမ်းရည်ပြည့်ဝသည့် အမျိုးသားကြက်ခြေနီအသင်းကြီးအဖြစ် ဝင့်ထည်စွာရပ်တည်နိုင်ရန် ဘေးဒုက္ခကျရောက်လွယ်သူများအတွက် အချိန်အခါမရွေး ပူးပေါင်းဆောင်ရွက်သည့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ဖို့အတွက် ကြက်ခြေနီအသင်းကြီးမှ မဟာဗျူဟာစီမံကိန်းချမှတ်ဆောင်ရွက်နေကြောင်း၊ လူတိုင်းလူတိုင်းရှေးဦးပြုစုခြင်းပညာရပ် တတ်မြောက်ရမည်ဟူသော ရပ်ရွာလူထုကြံ့ကြံ့ခံနိုင်ရေးဆိုသည့်ရည်မှန်းချက်သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ နိုင်ငံအကျိုး ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ကျန်းမာချမ်းသာဘေးကင်းစွာဖြင့် ကူညီဆောင်ရွက်ပေးနိုင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်ကောင်းဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမြသူထံမှ ပေးပို့သောသဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးငွေရှိန်က ဖတ်ကြားသည်။ ထို့နောက် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ တပ်ဖွဲ့ဆိုင်ရာ ကျင့်ဝတ်(၅၀)နှင့် အထွေထွေဗဟုသုတ ရေးဖြေပြိုင်ပွဲတွင်ဆုရရှိသူများ၊ …

Read More »