Daily Archives: September 11, 2018

ရေတာရှည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ညှိနှိုင်းဆွေးနွေး

FI

စက်တင်ဘာ ၁၁ (တောင်ငူ) ======================== စက်တင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၃)နာရီခွဲအချိန်က တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး ကျင်းပခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းက ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့သည့် လမ်း/တံတား၊ စာသင်ကျောင်း၊ ကျန်းမာရေးဌာန စသည့်တို့အတွက် လိုအပ်ငွေ တင်ပြတောင်းခံရာတွင်  ယာယီပြင်ဆင်ရန် ကုန်ကျစရိတ်၊ အပြီးသတ်ပြင်ဆင်ရန် ကုန်ကျစရိတ်  သေချာစိစစ်တင်ပြရန်လိုအပ်ကြောင်း၊ ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်ယာမြေနှင့်ပတ်သက်၍ မျိုးစပါးထောက်ပံ့ပေးမည့် အခြေအနေ၊ အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးသွားမည့် အခြေအနေများ ကျေးရွာအုပ်စုတစ်ခုချင်းအလိုက် သေချာစိစစ်ဆောင်ရွက်ရန်၊ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ ဧရာဝတီမြစ်နှင့် မြစ်မခမြစ်တို့အား ရေရှည်မြစ်ကမ်းပါး ထိန်းသိမ်း ခြင်းလုပ်ငန်းတို့ဆောင်ရွက်ရန် စိစစ်စေလိုကြောင်း၊ ပညာရေးအနေဖြင့် စာသင်ကျောင်း၊ ပရိဘောဂနှင့် ကျောင်းသုံးစာအုပ်များ လိုအပ်ချက်ကို ပဲခူးတိုင်းဒေသကြီးပညာရေး …

Read More »

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များ ဝန်ကြီးချုပ် ဦးဝင်းသိန်း ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၁၁ (ရေတာရှည်) ======================= စက်တင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီခွဲအချိန်က ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာနှင့် ရွှေသပြေကျေးရွာများရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုကြောင့် နေအိမ်များ ပြိုလဲ/ပျက်စီးခဲ့သည့် နေအိမ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ဆွာမင်းလမ်းကျေးရွာရှိ ကျေးရွာပြည်သူလူထုနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ဆွာချောင်းရေတိုက်စားမှုနှင့် လွတ်ကင်းသည့် ကျေးရွာ၏တောင်ဘက်ခြမ်းတွင် နေအိမ်အသစ်များ ပြန်လည်တည်ဆောက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့ရာ၊ ကျေးရွာနေပြည်သူလူထု၏ လိုလားချက်၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရွှေသပြေကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူလူထုနှင့်တွေ့ဆုံကာ ရေဘေးကြောင့် လယ်ယာမြေများ ထိခိုက် ခံရမှု၊ ရေအိမ်များ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများအား အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဆွာမင်းလမ်းကျေးရွာရှိ မိခင်သေဆုံးသွားသည့် …

Read More »

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များအတွက် နေအိမ်အသစ် ဆောက်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက်

FI

စက်တင်ဘာ ၁၁ (ရေတာရှည်) ======================= စက်တင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ရေတာရှည်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များအတွက် နေအိမ်အသစ် ပြန်လည်ဆောက်လုပ်ပေးနိုင်ရေး ဝန်ကြီးချုပ်၊ အလှူရှင်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က သြဂုတ်လ(၂၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ နေအိမ်များ ပြိုလဲ/ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ ၎င်းနေအိမ်များအတွက် အသစ်ပြန်လည်တည်ဆောက် ပေးနိုင်ရန် မိမိတို့အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆောက်လုပ်လှူဒါန်းပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုဖြစ်စဉ်ကြောင့် ထိခိုက်/ပျက်စီးမှုနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ များကိုလည်းကောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းမှ လှူဒါန်းပေးရသည့် ရည်ရွယ်ချက်အားလည်းကောင်း၊ တက်ရောက်လာသည့် သစ်တောဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် လမ်းဦးစီးဌာနနှင့် …

Read More »