Daily Archives: September 12, 2018

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ခုံခံသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

FI

စက်တင်ဘာ ၁၂ (အုတ်တွင်း) ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၁၂)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က တာဝန်ရှိသူများနှင့်အတူ အုတ်တွင်းမြို့ စံပယ်လမ်းနှင့် မြတ်လေးလမ်းဆုံတွင် တည်ဆောက်ထားသော အုတ်ခုံခံသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ တံတားသည် အရှည်(၁၃)ပေ၊အကျယ်(၅)ပေ ၃လက်မ၊ အမြင့်(၄)ပေရှိ အုတ်ခုံခံသံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး အုတ်တွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈ခုနှစ်(ဧပြီလမှ စက်တင်ဘာလ)အထိ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၁.၂၅)သန်းဖြင့် မြွေတော်ထွန်းထွန်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၁၂ (တောင်ငူ/အုတ်တွင်း) ======================= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၈)နာရီအချိန် အစိုးရအဖွဲ့ဒုတိယညွှန်ကြားရေးမှုး၊ တောင်ငူခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှုး၊ စည်ပင်သာယာကော်မတီဝင်များ၊ စည်ပင်အမှုဆောင်ရာရှိတို့နှင့်အတူ တောင်ငူမြို့ သန့်ရှင်းသာယာလှပရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရင့်နောင်ပန်းခြံလမ်းဆုံနှင့် မင်းကြီးညိုပန်းခြံလမ်းဆုံတို့တွင် ပဲခူးမြို့၌ ပြုလုပ်ထားသော လမ်းမီးတိုင်အကြီးပုံစံအတိုင်း လမ်းမီးထွန်းနိုင်ရေးအတွက် ကြည့်ရှုကြပြီး မြို့အင်္ဂါရပ်နှင့်ညီညွှတ်စေရန်နှင့် ပြည်သူများစိတ်ချမ်းသာစွာ အပမ်းဖြေအနားယူနိုင်ရေးအတွက် ကျုံးအားအမြဲသန့်ရှင်းသာယာလှပနေစေရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဉ်အန္တရယ်ကင်းရှင်းရေးတို့အတွက်လည်း အဓိကထားဂရုပြုလုပ်ဆောင်ပေးကြရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှုးရုံး တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားကာ အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စု ဝါးတီးကျေးရွာ ဝါတီးရွာမဘုန်းကြီးကျောင်းတော်ကြီးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့ ပဲခူးလမ်းရပ်ကွက်ရှိ စည်ပင်ပိုင် မြို့တော်ခန်းမလျာထားနေရာအား ပန်ခြံအဖြစ်တည်ဆောက်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Read More »