Daily Archives: September 13, 2018

ဆဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

FI

စက်တင်ဘာ(၁၃) ပဲခူး ================== ပဲခူးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူး၍ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၈ခုနှစ် ဆဌမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုဗွီဒီယိုခွေမှတ်အား နောက်ခံစကားပြောဖြင့် ပြသသည်။ ထို့နောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီ၊၊ ကာတွန်း၊ ပိုစတာ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား/သူများအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်မှတ်တမ်းဗွီဒီယိုခွေအား နောက်ခံစကားပြောဖြင့်ပြသကာ ဝန်ကြီးချုပ်၊ …

Read More »