Daily Archives: September 14, 2018

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်မှ ရေဘေးအလှူ ကျပ်သိန်း(၅၀၀) လာရောက်လှူဒါန်း

FI

စက်တင်ဘာ ၁၄ (ပဲခူး) ================== စက်တင်ဘာလ (၁၄)ရက်နေ့၊ နံနက်(၁၁)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် သိန်း(၅၀၀)အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်မှ လာရောက်လှူဒါန်းသည့်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ဇူလိုင်လအတွင်း ပဲခူးမြစ်နှင့် စစ်တောင်းမြစ် ရေကြီးရေလျှံမှု ကြောင့်လည်းကောင်း၊ သြဂုတ်လ(၂၉)ရက်နေ့တွင် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုကြောင့်လည်းကောင်း ရေဘေး(၂)ကြိမ် ခံစားခဲ့ ရကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် အစိုးရအဖွဲ့၊ တပ်မတော်၊ လူမှုရေးအသင့်အဖွဲ့များ၊ အလှူရှင်များ၏ ပံ့ပိုးကူညီမှုများကြောင့် အချိန်တိုအတွင်း ထိရောက်သည့် ကယ်ဆယ်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပြီဖြစ်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းမှုအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အလှူငွေကျပ် သိန်း(၅၀၀)အား ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ …

Read More »

တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများပေါ်ထွန်းလာစေရန် ပဲခူးမြို့တွင် အခြေခံမြားပစ်သင်တန်းဖွင့်လှစ်

FI

စက်တင်ဘာ ၁၄ (ပဲခူး) ================= မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် ၂၀၁၈ခုနှစ် အခြေခံမြားပစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အခြေခံမြားပစ်သင်တန်းကိုတက်ရောက်သင်ယူမည့် သင်တန်းသား မောင်/မယ်များအနေဖြင့် အချိန်ကုန်/ငွေကုန် အကျိုးမရှိမဖြစ်ရအောင် စိတ်ပါဝင်စားစွာ သင်ကြားပို့ချမှုကိုခံယူပြီး တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်သည့် အားကစားမောင်/မယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် (အားကစား) ဦးကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ၊ ဇေကမ္ဘာကုမ္ပဏီ၏ ဒုတိယဥက္ကဌ ဦးဇေသီဟက အလှူငွေကျပ် (၁၀)သိန်းအား ပေးအပ်လှူဒါန်းပြီး …

Read More »