Daily Archives: September 17, 2018

အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲအခမ်းနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၇ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ဦးဆောင်၍ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တောမခန်းမတွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ ရှင်းလင်းပွဲအခမ်းနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဝင်းသိန်းက မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများသည် လူသားများ၏ကျန်းမာရေးနှင့် အေးချမ်းစွာနေထိုင်မှုကို ဆိုးရွားစွာခြိမ်းခြောက်လျှက်ရှိပြီး လူ့အဖွဲ့အစည်းများ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေး အခြေခံအုတ်မြစ်များကို လှိုက်စားနေသည်ကိုတွေ့ရှိရကြောင်း၊ ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုများမှ လူထုအကြားဖြစ်ပွားလေ့ရှိသည့် မှုခင်းငယ်များအထိ လုံခြုံရေးနှင့်မှုခင်းဆိုင်ရာ တရားစီရင်ရေးစနစ်များမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသလို ပြည်သူ့ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံပြီး အေးချမ်းသာယာဝပြောသောလူမှုဝန်းကျင်ကိုပါ ထိခိုက်လာစေခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထုတ်လုပ်မှုအပိုင်းတွင်လည်း သမာရိုးကျမူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးအသစ် ထုတ်လုပ်မှုများပါတွေ့ရှိလာရကြောင်း၊ ချမှတ်ခဲ့သည့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့်အညီ မူးယစ်းဆေးဝါးတားဆီးနှိမ်နင်းရေး၊ ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် မူးယစ်ဆေးစွဲရောဂါ၏ …

Read More »