Daily Archives: September 18, 2018

ပဲခူးမြစ်ကူးတံတား(အသစ်) စီမံကိန်း အကောင်အထည်ဖော်ရေးကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

FI

စက်တင်ဘာ ၁၈ (ရန်ကုန်) ========================== စက်တင်ဘာလ (၁၈)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီး တို့ဆက်သွယ်ဖောက်လုပ်မည့် ရန်ကုန်တိုင်းဒေသကြီးဖက်အခြမ်းမှ ဆားတလင်း- ဒါးပိန်- ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီးဖက်မှ သပြု – ရှမ်းကန် – က၀ လမ်းအားဆက်သွယ်ဖောက်လုပ်မည့် ပဲခူးမြစ်ကူးတံတား (ကျွဲကူးဆိပ်) တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဝန်ကြီး ဒေါ်နီလာကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်းတို့တွေ့ဆုံ၍ ဒေသကြီးချင်းဆက် လမ်းအကောင်အထည်ဖော် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် လမ်းတံတားအဖွဲ့၊ ဆောက်လုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ဝေးကွာလွန်းသော နယ်မြို့လေးများ၏ စီးပွားရေးဖွံ့ဖြိုးမှုများအား အထောက်အကူပြုစေရန်၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ …

Read More »

ပဲခူးမြို့တွင်း လမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်လမ်းမီးတိုင်များ စိုက်ထူနိုင်ရေး ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု့

1

စက်တင်ဘာ ၁၈ (ပဲခူး) ====================== စက်တင်ဘာလ (၁၈)ရက်နေ့၊ ညနေ()နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှုး၊ဒုတိယညွှန်ကြားရေးမှုး၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူးကြီးနှင့် ပဲခူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့တွင်း လမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ လျှပ်စစ်လမ်းမီးတိုင်များ စိုက်ထူနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း)၊ ရွှေသာလျောင်းဘုရားလမ်းဆုံမှ မြို့ရှောင်လမ်းအထိ လျှပ်စစ်လမ်းမီးတိုင်များ စိုက်ထူမည့် လမ်းကြောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီးလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ လမ်းမီးတိုင်များ စိုက်ထူသွားမည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က လုပ်ငန်းခွင့် အန္တရာယ်ကင်းရှင်းစေရေး နှင့် သတ်မှတ်အချိန်အတွင်း ဆောင်ရွက်ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ပုံငွေဖြင့် စည်ပင်သာယာရေးအဖွဲ့က ရွှေသာလျောင်းဘုရားလမ်း နိုင်လွန်ကတ္တရာခင်းခြင်း၊ ပလက်ဖောင်းပြုလုပ်ခြင်းနှင့် အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် လမ်းပိုင်းအလိုက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ …

Read More »

ရေဘေးကြုံခဲ့ရသော ကျောင်းသား/သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

FI

စက်တင်ဘာ ၁၈ (ပဲခူး) =============== စက်တင်ဘာလ(၁၈)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် အလှူရှင်များစုပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ရေဘေးကြုံခဲ့ရသော ကျောင်းသား/သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားပြီး Border Areas Development Association(BDA) ဥက္ကဌကိုယ်စား တာဝန်ရှိသူတစ်ဦးမှ မေတ္တာစကား ပြောကြားသည်။ ထို့နောက်Info Corp Myanmar Co.,Ltdမှလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရေဘေးကြုံခဲ့ရသည့် ကျောင်းသား/သူများအတွက် အလှူငွေနှင့်ပစ္စည်းများအား အလှူရှင်များက ပေးအပ်လှူဒါန်းပြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ အတွင်းရေးမှုးတို့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှုးဆရာကြီး ဦးကျော်ဆင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအရှေ့ရှိ မြို့နယ်များတွင် ၂၀၁၈ခုနှစ် ဇူလိုင်လမှ …

Read More »