Daily Archives: September 19, 2018

မုန်းတိုင်းသတင်း ထုတ်ပြန်ချက်

19-9-2018

စက်တင်ဘာ ၁၉ (ပဲခူး) ======================== စက်တင်ဘာလ (၁၉)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန် တိုင်းထွာချက်များအရ  မြန်မာ့ကမ်းရိုးတန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပြီး ၎င်းလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် အခြားပြည်နယ်/ တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြစ်ကမ်းပါးတစ်လျှောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအနေဖြင့် အထူးသတိပြုနေနိုင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၉ (ပဲခူး) ===================== ပဲခူးမြို့၊ သီရိဟံသာခန်းမ(ဧည့်ခန်းဆောင်)တွင် စက်တင်ဘာလ(၁၉)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ကလေးသူငယ်အခွင့်အရေးများကို ကလေးများကိုယ်တိုင် သိရှိရန်လိုအပ်သကဲ့သို့ မိဘအုပ်ထိန်းသူနဲ့ ရပ်ရွာပြည်သူလူထုတို့ သိရှိနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်သွားကြရန်၊ UNCRC စာချုပ်ပါ ကလေးအခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးကြရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများအနေဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို INGOs/ NGOများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှုး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုးဒေါ်မြင့်မြင့်ကြည်က ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ကော်မတီဝင်များမှ အသီးသီးဆွေးနွေးတင်ပြကြသည်။ ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ ထိရောက်စွာကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် …

Read More »