Daily Archives: September 23, 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာသက်မွေးနှင့် လေ့ကျင့်ရေးဦးစီးဌာန သင်တန်းကျောင်းမြေနေရာအား ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၂၃ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က တောင်ငူခရိုင်အုပ်ချုပ်ရေးမှုး၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှုး၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးများ၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင်ရေးဦးစီးဌာမှ ဒေါက်တာနေမျိုးထွန်း၊ ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၇၄/ဂ ရှိ မြေဧရိယာ(၇၉.၄၅)ဧကအား နည်းပညာသက်မွေးနှင့် လေ့ကျင့်ရေးဦးစီးဌာန သင်တန်းကျောင်း တည်ဆောက်ရန်လျာမှုနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်သို့သွားရောက်ပြီး ဇူလိုင်လနှင့် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော ကျောင်းရှစ်ဆယ်-ခပေါင်းဝလမ်းအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနတာဝန်ရှိသူကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးကြောင့်ပျက်စီးသွားသောလမ်းများအနက် (၁/၄မိုင်×၁၆’)ရှိ အုန်းပင်-ဒိုးအင်သောင်လမ်း၊ (ဝ/၅မိုင်×၁၈’)ရှိ သာဂရ-ကုလားရွာလမ်း၊ (၁/၁မိုင်×၁၆’)ရှိ ထန်းကုန်း-ကင်းငယ်-ဝါးတီးရွာသစ်လမ်း၊ (၂/၂မိုင်×၁၈’)ရှိ ကျောင်းရှစ်ဆယ်-ခပေါင်းဝလမ်း၊ (ဝ/၅မိုင်×၁၆’)ရှိ ကျောင်းရှစ်ဆယ်-သာယာကုန်းလမ်း စသည့်လမ်းများအား ပြန်လည်ပြုပြင် လုပ်ဆောင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ …

Read More »