Daily Archives: September 25, 2018

မြစ်ချောင်းများအား ကုန်ကျစရိတ်သက်သာသော အဆင့်မြင့်နည်းပညာဖြင့် ကမ်းပါးထိန်းခြင်း လုပ်ငန်းစဉ်အား လာရောက်ရှင်းလင်းတင်ပြ

FI

စက်တင်ဘာ ၂၅ (ပဲခူး) ===========           စက်တင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Super Rainbow Construction Ltd ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သည့် အိန္ဒိယနိုင်ငံအခြေစိုက်၊ ပြင်သစ်နိုင်ငံပိုင် Terre Armee Co., Ltd မှ မြစ်ချောင်းများအား ကုန်ကျစရိတ်သက်သာသော အဆင့်မြင့်နည်းပညာဖြင့် ကမ်းပါးထိန်းခြင်း လုပ်ငန်းစဉ်အား လာရောက်ရှင်းလင်းတင်ပြခဲ့သည်။           ရှေးဦးစွာ မန်နေးဂျင်းဒါရိုက်တာ ဦးသန့်စိုးက လက်ရှိမြန်မာနိုင်ငံ၌ တွံ့တေးတူးမြောင်း မြေထိန်းနံရံများ လုပ်ကိုင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှနှင့် ဥရောပ နိုင်ငံများတွင်လည်း မြစ်ကြောင်းထိန်းသိမ်းခြင်း၊ မြေထိန်းနံရံများတည်ဆောက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ နည်းပညာဖြင့် ဆောင်ရွက်ခြင်းအားဖြင့် လက်ရှိမြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် မြေထိန်း/ရေထိန်းနံရံများ၏ ကုန်ကျစရိတ်ထက် ပိုမိုသက်သာပြီး၊ ရေရှည်ခံနိုင်မှုရှိပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိပါကြောင်း Power Point ဖြင့် …

Read More »

ပဲခူးမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ရင်းနှီးမြှုပ်နှံရန် လာရောက်ကမ်းလှမ်း

FI

စက်တင်ဘာ ၂၅ (ပဲခူး) ================== စက်တင်ဘာလာ (၂၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ပဲခူးမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ရင်းနှီးမြှုပ်နှံရန် Zillionier Trading Co., Ltd ၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သည့် တရုတ်နိုင်ငံအခြေစိုက်၊ မြန်မာကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း၊ ဥက္ကဋ္ဌ Mr. Tu. Guoding  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ  လာရောက်တွေ့ဆုံ သည်။ ရှေးဦးစွာ Mr. Tu. Guoding  က ပဲခူးဒေသအား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းရှင်များပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ရင်းနှီးမြှုပ်နှံနိုင်ရန် လာရောက်ကမ်းလှမ်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့လုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိခဲ့ပါက ဒေသခံပြည်သူ (၁)သိန်းမှ (၆)သိန်းအထိ အလုပ်အကိုင်အခွင့်အလန်းများ ဖန်တီပေးနိုင်မည်ဖြစ် ကြောင်း၊ အဓိကအားဖြင့် စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးထုတ်ကုန်၊ …

Read More »