Daily Archives: September 28, 2018

ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ (ကျား/မ)စက်ဘီးစီးပြိုင်ပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၈ (ပဲခူး) =================== ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (ကျား/မ)စက်ဘီးစီးပြိုင်ပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးပညာရေးမှုးရုံးရှေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေက သေနတ်ပစ်ဖေါက်၍ စက်ဘီးစီးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများရှိ ပဲခူးခရိုင်မှ(၁၃၅)ဦး၊ တောင်ငူခရိုင်မှ(၁၈)ဦး၊ ပြည်ခရိုင်မှ(၁၉)ဦး၊ သာယာဝတီခရိုင်မှ(၂၃)ဦး စုစုပေါင်းကျောင်းသား/သူ(၁၉၅)ဦးတို့က တိုင်းဒေသကြီးပညာရေးမှုးရှေ့မှ ပဲခူးတက္ကသိုလ်အနီး ချင်းစုအထပ်သားစက်ရုံလမ်းဆုံအထိ (အသွား/အပြန်) စက်ဘီးယှဉ်ပြိုင်စီးကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများ၏ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဘက်စုံထူးချွန်သော ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးအတွင်းရှိ အားကစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (ကျား/မ)စက်ဘီးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ဆုပေးပွဲကျင်းပပြုလုပ်ရာ (ကျား/မ)ပထမဆုရရှိသော မောင်အောင်စိုး အထကခွဲ(၁) တောင်ငူနှင့် မဝတ်ရည်စိုး အထကခွဲ ညောင်လေးပင်တို့အား စီမံကိန်းနှင့် …

Read More »