Home / 2018 / October / 01

Daily Archives: October 1, 2018

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁ (ပဲခူး) ============================= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးသည့် ဆောင်ပုဒ်သည် သက်ကြီးအခွင့်အရေး ဖော်ဆောင်ဖို့ ကြိုးပမ်းသူကိုဂုဏ်ပြုစို့ ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်းက သက်ကြီးရွယ်အိုများရဲ့ အခန်းကဏ္ဍနှင့် အခွင့်အရေးတွေ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာမှာ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့ရေမြေသဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ မိမိကိုယ်မိမိစောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာစောင့်ရှောက်မှုအားလုံး လုံလောက်စွာရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိတို့အစိုးရအနေဖြင့် လည်းသက်ကြီးရွယ်အိုများ ကျန်းမာတက်ကြွပြီး ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆောင်ခွင့်ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ …

Read More »

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့်(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

FI

အောက်တိုဘာ ၁ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပဲခူးမြို့၊မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ရဲ့လုပ်ပိုင်ခွင့်များနဲ့ ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ကြရန်၊ ရဲတပ်ဖွဲ့၏ သမာဓိဂုဏ်သိက္ခာ၊ ပြည်သူလူထု၏ ယုံကြည်မှု၊ ဥပဒေနှင့် ညီညွတ်မှုစသည့် အချက်သုံးချက်ကို ခိုင်မာအောင် တည်ဆောက်ပြီး နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုသော မိမိတို့ရဲ့အလုပ်ကို တန်ဖိုးထား ဂုဏ်ယူစွာဖြင့် အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊ ဒီမိုကရေစီ ထူထောင်သည့် ယနေ့ကာလတွင် ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့် ရဲလုပ်ငန်းကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု တည်ဆောက်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အားလုံး၏ အရေးအကြီးဆုံးနှင့် ပထမဆုံးဆောင်ရွက်ရမည့် အချက်မှာ ပြည်သူအပေါ် ပြုကျင့်ဆက်ဆံသည့် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေတာရှည်-ဇေယျဝတီလမ်းပိုင်း ပျက်စီးမှုအားလိုက်လံကြည့်ရှု တာဝန်ရှိသူများအား လမ်းညွှန်မှာကြား

FI

စက်တင်ဘာ ၃၀ (တောင်ငူ) ============ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၃၀)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က တောင်ငူခရိုင်အုပ်ချုပ်ရေးမှုး၊ အုတ်တွင်းမြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ကမ္ဘောဇလမ်းကြောင်းရှာဖွေရေးလီမိတက်မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး(၆)လမ်းသွားစီမံကိန်း ရေတာရှည်-ဇေယျဝတီလမ်းပိုင်း ပျက်စီးမှုအားလိုက်လံကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါလမ်းသည် မိုင်တိုင်အမှတ် (၁၉၄/ဝ)မှ (၁၄၆/ဝ)အထိ လမ်းမိုင်(၄၈)မိုင်ရှိရာ ကမ္ဘောဇလမ်းကြောင်းရှာဖွေရေးလီမိတက်မှ နှစ်(၃၀) လုပ်ပိုင်ခွင့် BOT ရရှိ ထားသောလမ်းဖြစ်ပြီး လမ်းပျက်စီးနေမှုအား BOTစာချုပ်ပါအတိုင်း အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရန်နှင့် လမ်းဦးစီးဌာနအနေဖြင့်လည်း ကမ္ဘောဇလမ်းကြောင်းရှာဖွေရေးလီမိတက်မှ ဆောင်ရွက်နေသော လမ်းပိုင်းပြင်ဆင်နေမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီခြင်းရှိ မရှိစီစစ်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ မြို့ရှောင်လမ်းဖောက်လုပ်မည့် လမ်းအူကြောင်းနှင့် တောင်ငူ-အုတ်တွင်း မြို့နယ်ချင်းဆက် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော နောင်ရိုးတံတားအား လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

Read More »