Home / 2018 / October / 04

Daily Archives: October 4, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ဆွေးနွေး

FI

အောက်တိုဘာ ၄ (ပဲခူး) ==================== အောက်တိုဘာလ(၄)ရက်နေ့၊ မွန်းလွဲ(၃)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ဆွေးနွေးခဲ့သည်။ ရှေးဦးစွာ Dae Kasi Development Co., Ltd , Managing Director ဦးတင်မောင်နိုင်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးဆိုင်ရာအချက်လက်များနှင့် ဂျပန် နိုင်ငံမှ လုပ်ငန်းရှင်များမှ အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် မည့်အခြေအနေများကိုလည်းကောင်း၊ ဂျပန်နိုင်ငံသား၊ စီးပွားရေးလုပ်ငန်းရှင် Mr. Juntaro Yousioka က ပဲခူးတိုင်းဒေသကြီးအတွင်း လမ်း/တံတားများအတွက် ချေးငွေရရှိနိုင်မည့် အခြေအနေ၊ ရေသန့်စက်နှင့် ရေရှားပါးသည့်ဒေသများအတွက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို လည်းကောင်း၊ Mr. Taizo Itdaka က ဝါးမှတစ်ဆင့် လျှပ်စစ်မီး ထုတ်လုပ်ခြင်း၊ တိရိစ္ဆာန် အစာထုတ်လုပ်ခြင်းနှင့် မြေသြဇာထုတ်လုပ်ခြင်း လုပ်ငန်းများ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

FI

အောက်တိုဘာ ၄ (ပဲခူး) ================= အောက်တိုဘာလ (၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့် သဘာဝအရင်းအမြစ်များကို အမှီပြုနေရကြောင်း၊ ခရီးသွားလုပ်ငန်းသည် တိုင်းပြည်အတွက် ဝင်ငွေရသော မီးခိုးမထွက်သည့် စက်ရုံတည်ဆောက်ခြင်းပင်ဖြစ်ကြောင်းနှင့် ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ တင်ပြချက်များအပေါ် ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင်နိုင်ရန်အတွက် တက်ရောက်လာသည့် သမိုင်းပညာရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များတို့မှ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများ၊ ထပ်မံဖော်ထုတ်ရန်ရှိသည့် အမွေအနှစ်များကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ယဉ်ကျေးမှု နယ်မြေများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ခရီးစဉ်များ ရေးဆွဲထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် သမိုင်းပညာရှင်များ၊ …

Read More »