Home / 2018 / October / 05

Daily Archives: October 5, 2018

ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်အသစ်တစ်ခု ဖော်ထုတ်ရန် အမေရိကန်နိုင်ငံ အခြေစိုက်လုပ်ငန်းရှင်မှ လာရောက်ကမ်းလှမ်း

FI

အောက်တိုဘာ ၅ (ပဲခူး) =================== အောက်တိုဘာလ (၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ပဲခူးဒေသတွင် အဆင့်မီစက်မှုဇုန်အသစ်တစ်ခု ဖော်ထုတ်ရန် အမေရိကန်နိုင်ငံအခြေစိုက် MDS Investment LLC မှ President, Ms.Mei Mei Lin ဦးသောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Ms.Mei Mei Lin က မိမိတို့ကုမ္ပဏီသည် အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပရိဘောဂပစ္စည်းများအား အမေရိကန်နှင့် ကနေဒါနိုင်ငံတို့အား အဓိကထား ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း၊ လက်ရှိအနေဖြင့် အမေရိကန်တွင် ခိုင်မာသော စျေးကွက်တစ်ခု ရရှိထားပြီးဖြစ်၍ မြန်မာနိုင်ငံတွင် ပရိဘောဂပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံ များ တည်ထောင်ရန်အတွက် လာရောက်ကမ်းလှမ်းရခြင်းဖြစ်ပါကြောင်း၊ ပဲခူးဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း တင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မိမိတို့အစိုးရအနေဖြင့် နိုင်ငံသူ/သား …

Read More »

ပဲခူးမြို့တွင် ဖွင့်လှစ်ခဲ့သော အခြေခံမြားပစ်သင်တန်း(၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

FI

အောက်တိုဘာ ၅ (ပဲခူး) ================= မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့သော အခြေခံမြားပစ်သင်တန်း(၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်း(အားကစား)ဦးကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်ဝန်ကြီးချုပ်ဦးဝင်းသိန်း ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်ဦးနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်တို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ ဆုရရှိသောအမျိုးသား/အမျိုးသမီး သင်တန်းသား/သူများအား ဆုချီးမြင့်ခြင်းနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား/သူများက မြားပစ်သရုပ်ပြသကြသည်။ အခြေခံမြားပစ်သင်တန်းကို ပဲခူးတိုင်းဒေသကြီး၌ ၁၉၉၇ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၁ခုနှစ်တွင် ဒုတိယအကြိမ်၊ ယခု၂၀၁၈ခုနှစ်တွင် တတိယအကြိမ် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အတွက် ထူးချွန်အားကစားသမားများဖြစ်ကြသည့် မြတ်ဇော်ထွန်း၊ ဇာခြည်ဝင်းနှင့် သိမ့်သိမ့်မိုးတို့(၃)ဦးကို ပို့ပေးနိုင်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ (၂၂)နှစ်တာကာလအတွင်း နိုင်ငံတကာပွဲပေါင်း(၁၀၀)ကျော်ဝင်ရောက် …

Read More »

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်

FI

အောက်တိုဘာ ၅ (ပဲခူး) =================== အစဉ်သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ကူညီလမ်းညွှန်သူစစ်စစ်များဖြစ်သည့် ကျေးဇူးရှင်ဆရာများ၏ ဂုဏ်ကျေးဇူးကိုမမေ့သောအားဖြင့် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ အောက်တိုဘာလ (၅)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက “မြတ်ဆရာ”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ဆရာကောင်းတို့မည်သည် တပည့်တို့အတွက် အားငယ်စိတ်ပျောက်စေ၏၊ နားမလည်မှုကိုပယ်စေ၏၊ မပြည့်စုံမှုကို ပြည့်စေ၏၊ သောကကိုလည်းငြိမ်းစေ၏ ဒါကြောင့် ဆရာ/မများသည် တပည့်တို့၏ အားထားရာ မဏ္ဍိုင်ဖြစ်ကြောင်း၊ ပန်းဘဲဆရာ အထုမခံရသော သံတုံးသည် လက်နက်မဖြစ်၊ ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံးသည် အရုပ်မဖြစ်၊ ဆရာကောင်း အဆုံးအမ မခံရသော တပည့်သည် သူကောင်းမဖြစ်လို့ …

Read More »