Home / 2018 / October / 06

Daily Archives: October 6, 2018

မြို့အင်္ဂါရပ်နှင့်အညီ ပြည်သူများအလွယ်တကူရောင်းဝယ်နိုင်သော ဈေးတစ်ခုပေါ်ပေါက်လာစေရေး ကွင်းဆင်းကြည့်ရှု

FI

ပဲခူး အောက်တိုဘာ ၆ =========================== အောက်တိုဘာလ ၆ ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးခရိုင်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၂ ရပ်ကွက်ရှိ ကန်ဈေးသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြောင်း သတင်းရရှိသည်။ ဝန်ကြီးချုပ်က “တိုးတက်လာသောလူဦးရေ အချိုးအစားနှင့်အညီ မြို့အင်္ဂါရပ်နှင့်ညီညွတ်သော ဈေးများလိုအပ်မည်ဖြစ်ကြောင်း၊ မြို့စည်ပင်သာယာရေးအနေဖြင့် ဈေး၊ဈေးနှင့်ကပ်လျှက်ရှိသော ကန်ကြီးအား သန့်ရှင်းသာယာလှပအောင်ဆောင်ရွက်စေလိုကြောင်း၊ မြို့နှင့်ကျေးရွာနေ ပြည်သူများ အလွယ်တကူ သက်တောင့်သက်သာဈေးရောင်းဝယ် ဖောက်ကားခြင်းများပြုလုပ်နိုင်စေရန် ဈေးကြီးတစ်ခု အကောင်အထည်ဖော်စေလိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည်များ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ” ပြောကြားသည်။ ထို့နောက် ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဒေါက်တာနိုင်အောင်က “ခေတ်နဲ့လျော်ညီသော ဈေးတစ်ခုဖြစ်ပေါ်လာရေး တည်ဆောက်ရန် ဈေးသူဈေးသားများနှင့် ညှိနိုင်းဆွေးနွေးပြီး လုပ်ငန်းဆောင်ရွက်လိုသည်များကို တိုင်းဒေသကြီးအစိုးရထံသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဈေးနှင့်ကန်ကြီးအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အပိုင်းအလိုက် …

Read More »