Home / 2018 / October / 08

Daily Archives: October 8, 2018

၂၀၁၈-၂၀၁၉ခုနှစ် မိုးရာသီရေကြီးနစ်မြုပ်ပျက်စီးသော ဂန္ဓမာ ပန်းစိုက်တောင်သူများသို့ ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် လူထုတွေ့ဆုံပွဲများပြုလုပ်

FI

အုတ်တွင်း အောက်တိုဘာ ၇ ================ အောက်တိုဘာလ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာ၌ ၂၀၁၈-၂၀၁၉ ခုနှစ် မိုးရာသီရေကြီးနစ်မြုပ်ပျက်စီးခဲ့သော ဂန္ဓမာပန်းစိုက်တောင်သူများအား ဓာတ်မြေသြဇာနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမြင့်က “မိုးစပါးပျက်စီး ဧကများအတွက် ယနေ့အထိ မျိုးစပါးစုစုပေါင်း(၂၅၄၁၆)တင်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဝါးတီးကျေးရွာ ဂန္ဓမာပန်းပျက်စီးဧကများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRE မှ ပေးပို့လှူ ဒါန်းထားသော ကွန်ပေါင်းဓာတ်မြေသြဇာများကို တောင်သူများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်က တောင်သူများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်က ရွှေအိုးစည် ၁၆:၈:၁၆ ကွန်ပေါင်းဓာတ်မြေသြဇာ တစ်ဧက (၂)အိတ်နှုန်းဖြင့် စုစုပေါင်း(၉၆)အိတ်တို့အား ကျေးရွာအုပ်ချုပ်ရေးမှုးထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့သော သီးနှံစိုက်ပျိုးဧက …

Read More »