Home / 2018 / October / 10

Daily Archives: October 10, 2018

ဆွာချောင်းရေလှောင်တမံ ရေပိုလွဲကျိုးပေါက်မှုဖြစ်စဉ်တွင် အသက်ပေးလှူသွားခဲ့သော ဗိုလ်မှူးမြတ်စံ အတွက်ထောက်ပံ့ငွေပေးအပ်

FI

အောက်တိုဘာ ၁၀ (ရေတာရှည်) ================= အောက်တိုဘာလ(၁၀)ရက်နေ့ ညနေ(၄:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် သာဂရမြို့ အမှတ်(၈၄)ခြေလျှင်တပ်ရင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့သည် ဆွာချောင်းရေလှောင်တမံ ရေပိုလွဲကျိုးပေါက်မှုဖြစ်စဉ်တွင် အသက်ပေးလှူသွားခဲ့သော ဗိုလ်မှူးမြတ်စံအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြသည်။ ထို့သို့ထောက်ပံ့ငွေပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေ(၃၀၀၀၀ဝိ/-)ကျပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ငွေ(၃၀၀၀၀ဝိ/-)ကျပ်၊ အလှူရှင်တစ်ဦးမှလှူဒါန်းငွေ(၁၀၀၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၀၀၀၀ဝိ/-)သိန်းကျပ်အား ကျန်ရစ်သူ ဇနီးဖြစ်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ဆဋ္ဌမအကြိမ်မြောက် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်

Invitations

အောက်တိုဘာ ၁၀ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲများ စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ပဲခူးမြို့၊ ရွှေမောဓော်ဘုရား၊ အနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ၊ အဆိုပါ ကုန်စည်ပြပွဲသို့ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ်မည်ဖြစ်သည်။ ၎င်းအငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများ၏ ဒေသထွက်ကုန် ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း(၁၉၀)ကျော်ဖြင့် ဖွင့်လှစ်ပြသွားမည်ဖြစ်သည့်အပြင် စက်တင်ဘလ (၁၂)မှ (၁၃)ရက်နေ့တို့တွင် နိုင်ငံကျော်အဆိုတော်များပါဝင်သော တေးဂီတ ဖျော်ဖြေရေးအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »