Home / 2018 / October / 11

Daily Archives: October 11, 2018

ပဲခူးမြို့နယ်အတွင်းရှိ လမ်းများအား ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

အောက်တိုဘာ ၁၁ (ပဲခူး) ================= အောက်တိုဘာလ (၁၁)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မိုးယွန်းကြီးအင်း အဝင်လမ်း(၆)ဖာလုံခန့်အား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် ညနေ(၅:၃၀)နာရီအချိန်က ဝမ်းဘဲအင်းကျေးရွာရှိ ဒေးစွန်းပါဘုရား အဝင်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအဆင့်မြှင့်တင်သွားမည့် အခြေအနေများအား ဒေသခံပြည်သူများသို့ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် ည (၇)အချိန်တွင် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားမုခ်ဦးမှ ဘုရားခြေတော်ရင်းအထိ နိုင်လွန်ကတ္တရာခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူဆောင်ရွက်နေသည့် ပဲခူးတိုင်းဒေသကြီးလမ်းဦ:စီးဌာန၊ ညွန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက လမ်းခင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝင်္ဂဘော်ဆင်စခန်းနှင့် မိုးယွန်းကြီးအင်းတို့သို့ ကွင်းဆင်းကြည့်ရှု

FI

အောက်တိုဘာ ၁၁ (ပဲခူး) ================== အောက်တိုဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာများသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘောနတ်ကြီးကျေးရွာအနီးရှိ ဝင်္ဂဘော်ဆင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝင်္ဂဘော်ဆင်စခန်း ရှင်းလင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ဆွေမှ ဝင်္ဂဘော်ဆင်စခန်းနှင့်ပတ်သက်သည့် အကြောင်း အရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ဆင်စခန်းဖွင့်လှစ်ရခြင်းသည် အများပြည်သူများ အပန်းဖြေအနာယူနိုင်ရန်နှင့် အမိမဲ့ဆင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဖြစ်ကြောင်း၊ နေ့စဉ် ဆင်မုဆိုးများကြောင့် တောဆင်ရိုင်းများ သေဆုံးလျက်ရှိပြီး အိမ်နီးချင်း နိုင်ငံမှ ဆင်နှင့်ပတ်သက်သည့် အစွယ်၊ နှာမောင်း၊ အရေခွံစသည့် ပစ္စည်းများအား စျေးကောင်းပေး၍ ဝယ်ယူနေမှုများကြောင့်ဖြစ်ကြောင်း၊ ဆင်မုဆိုးများ ဆင်သတ်မှုကို လူသတ်မှု အတိုင်း ထိထိရောက်ရောက် ပြစ်မှုပြစ်ဒဏ်များ ပေးရန်လိုအပ်ကြောင်း၊ …

Read More »

ပဲခူးမြို့တွင် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

FI

အောက်တိုဘာ ၁၁ (ပဲခူး) ================== “မျက်စိအမြင်ကောင်းမွန်ဖို့ နေရာမရွေးစောင့်ရှောက်စို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးပြီး အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမတွင် ၂၀၁၈ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာအေးငြိမ်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ မိန့်ခွန်းကိုဖတ်ကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး၊ ဒေသဆိုင်ရာမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက မျက်စိရောဂါအကြောင်း သိကောင်းစရာများကို ဗွီဒီယိုဖိုင်ဖြင့် ပညာပေးရှင်းလင်းပြသပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ပြခန်းအားကြည့်ရှုအားပေးကြသည်။ နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယပတ် ကြာသာပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင်လည်း (၂၀၀၀)ပြည့်နှစ်မှစ၍ ကျင်းပခဲ့သည်။ ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ဆောင်ပုဒ်သည် “Eye Care Everywhere မျက်စိအမြင်ကောင်းမွန်ဖို့ …

Read More »