Home / 2018 / November

Monthly Archives: November 2018

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်မည့် သန်း(၁၀၀)အထက် လုပ်ငန်းများအတွက် စာအိတ်(A) ဖွင့်ဖောက်ခြင်းအခမ်းအနားပြုလုပ်

FI

နိုဝင်ဘာ ၂၈ (ပဲခူး) ============================ ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ (၂၀၁၈-၁၉)ခုနှစ် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့် ကျပ်သန်း(၁၀၀)အထက် တင်ဒါခေါ်ယူဆောင်ရွက်မည့် ချောင်းကောတူးဖော်ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ တာပြုပြင်ခြင်း ၊ သောက်ရေကန်တူးဖော်ခြင်း၊ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေတံခါးပြုပြင်ခြင်း လုပ်ငန်းများအတွက် Lot အလိုက် ကုမ္ပဏီများမှ တင်သွင်းလာသည့် စာအိတ်(A)အဆိုပြုလွှာများအား တင်ဒါကော်မတီမှ ဖွင့်ဖောက်ခြင်းအခမ်းအနားအား (၂၈.၁၁.၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးဆည်မြောင်းဝန်း၊ ကြည်သာချမ်းသာဓမ္မာရုံတွင် ပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ တင်ဒါဆိုင်ရာများ ရှင်းလင်းပြောကြားပါသည်။ ယခုခေါ်ဆိုသော တင်ဒါလုပ်ငန်းများသည် ပဲခူးခရိုင်၊ သာယာဝတီခရိုင် နှင့် ပြည်ခရိုင်အတွင်း တည်ရှိပြီး Lot (၁၆)ခုအတွက် ကုမ္ပဏီပေါင်း (၈၃)ခု မှ တင်ဒါစောင်ရေ(၂၈၆)စောင် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ တင်ဒါလုပ်ငန်းများအား (၁/၂၀၁၇)တင်ဒါစည်းမျဉ်း …

Read More »

ပဲခူးမြစ်ကိုဖြတ်ပြီး ကျောက်တွင်းကုန်းလမ်းဆုံ မှအမြန်လမ်းအထိ ဖောက်လုပ်မည့်လမ်းအူကြောင်းအား ဝန်ကြီးချုပ်ကွင်းဆင်းကြည့်ရှု

FI

နိုဝင်ဘာ ၂၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နိုဝင်ဘာလ(၂၆)ရက်နေ့ ညနေ(၃)နာရီအချိန်က သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြစ်ကိုဖြတ်ပြီး ကျောက်တွင်းကုန်းလမ်းမှ မြို့ရှောင်လမ်းအထိ ထိုမှတစ်ဆင့် အမြန်လမ်းအထိဖောက်လုပ်မည့် လမ်းအူကြောင်းနေရာအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် လုပ်ငန်းခွင်နှင့်မလွတ်ကင်းနိုင်သော သာသနိကအဆောက်အဦးများ၊ လူနေအိမ်များမှ ဆရာတော်၊ ပြည်သူများနှင့်တွေ့ဆုံကာ နားလည်သဘောပေါက်အောင်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒိုက်ဦး-စစ်တောင်းလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

နိုဝင်ဘာ ၂၄ (ဒိုက်ဦး) =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၄)ရက်နေ့ ညနေ(၃)နာရီအချိန်က သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ အရှည်(၂၁)မိုင်(၅)ဖာလုံရှိ ဒိုက်ဦး-စစ်တောင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှုး(မြို့ပြ)ဦးဇော်ထွန်းက ဒိုက်ဦး-စစ်တောင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ဒိုက်ဦး-စစ်တောင်းလမ်းသည် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်လမ်းနှင့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်းတို့အား အတိုဆုံးဆက်သွယ်သွားလာနိုင်ရန် ရည်ရွယ်၍ ဖောက်လုပ်ပေးခြင်းဖြစ်သောကြောင့် နိုင်ငံတော်ဘဏ္ဍာအလေအလွင့်မရှိစေဘဲ အရည်အသွေးပြည့်မီအောင် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားကြိုးစားဆောင်ရွက်သွားကြရန်၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်မှသာ မိမိတို့တိုင်းအတွင်းရှိ မြို့ပြနှင့်ကျေးလက်ဒေသပြည်သူများ ပိုမို၍ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် အစိုးရအပိုင်းမှလည်း အထူးအလေးထားဖြည့်ဆည်းဆောင်ရွက်ပေးနေသလို လုပ်ငန်းလုပ်ဆောင်သူများအပိုင်းကလည်း စေတနာထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါဒိုက်ဦး-စစ်တောင်းလမ်းသည် ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်လမ်း မိုင်(၈၁/၄)နှင့် ဒိုက်ဦးမြို့နယ် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်(၈၄/၅)တို့ဆက်သွယ်ဖောက်လုပ်ထားသည့် အရှည်(၂၁)မိုင်(၅)ဖာလုံရှိသော လမ်းဖြစ်ပြီး ၂၀၀၂ခုနှစ်တွင်မြေသားလမ်းအဖြစ်လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မိုင်(ဝ/၀မှ(၉/၂)အထိ (၉)မိုင်(၂)ဖာလုံအား ကတ္တရာလမ်းအဖြစ်လည်းကောင်း ဆောင်ရွက်ထားရှိပြီး …

Read More »

ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ မြေငှားဂရန်လျှောက်ထားသူများသို့ မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

FI

နိုဝင်ဘာ ၂၃ (ပဲခူး) ==================== ပဲခူးမြို့ ပြည်သူ့ဝန်ဆောင်မှုရုံး၌ နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ မြေငှားဂရန်လျှောက်ထားသူများသို့ မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူလူထုအတွက် ခိုင်မာသည့်အထောက်အထားတစ်ရပ်အဖြစ် လက်ကိုင်ထားနိုင်ရန် မိမိပိုင်မြေများကို မဖြစ်မနေဂရန်များလျှောက်ထားရယူရန်လိုအပ်ပြီး ဂရန်ထုတ်ပေးသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြေငှားဂရန်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျအမြန်ဆုံး ထုတ်ပေးနိုင်ရေးအတွက် ဂရန်လုပ်ငန်းစဉ်များအနက် ဖြေလျော့နိုင်သည်များကို အဖြစ်နိုင်ဆုံးဖြေလျော့ဆောင်ရွက်ပေးရန်၊ ဂရန်လက်ဝယ်ရှိသူများကလည်း ဂရန်စည်းကမ်းပါသတ်မှတ်ချက်များအတိုင်းတိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်သို့ ပေးသွင်းရမည့်နှစ်စဉ်မြေငှားခများကိုလည်း မပျက်မကွက် ပေးသွင်းသွားကြရန်၊ အစိုးရအဖွဲ့အနေဖြင့် မြေငှားဂရန်များမှ ပေးဆောင်ရရှိသော မြေခွန်ကောက်ခံငွေများကို မိမိတို့တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများတွင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြားခရိုင်များတွင်လည်း မြေငှားဂရန်လျှောက်ထားသူများသို့ ဂရန်များထုတ်ပေးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှုးဦးရဲထွဋ်က မြေငှားဂရန်လျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ မြေငှားဂရန်ရရှိခြင်း၏ …

Read More »

ပဲခူးမြို့၊ ဆု‌တောင်းပြည့်‌ရွှေ‌မော်‌ဓော‌ စေတီ‌တော်ကြီး၌ (၃၇)ကြိမ်‌မြောက် မသိုးသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၂ (ပဲခူး) ================= နိုဝင်ဘာလ (၂၂)ရက်နေ့၊ နံနက်(၄)နာရီအချိန်က ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆုချီးမြှင့်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဂေါပကအဖွဲ့တာဝန်ရှိသူများ၊ ယက္ကန်းပညာရှင်/ လုပ်အားရှင်များနှင့် ဝတ်အသင်းအဖွဲ့များက‌ စေတီ‌တော်မြတ်ကြီးအား လင်္ကျာရစ်သုံးပတ် လှည့်လည်ပူ‌ဇော်ကြပြီး ပဲခူးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်‌တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပ‌ဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက‌ ပွင့်တော်မူပြီးသော ဘုရားရှင်(၄)ဆူနှင့် နောင်ပွင့်မည့် အရိမေတ္တယျဘုရားရှင်တို့အား ရည်စူးရည်မှန်း၍ ရွှေ‌မော်‌ဓော စေတီတော်မြတ်ကြီး ရင်ပြင်‌တော်ရှိမုခ်ဦးအသီးသီးတွင် ကိန်းဝပ်စံပါယ် သီတင်းသုံး‌နေတော်မူ‌သော ဗုဒ္ဓရုပ်ပွား‌တော်များအား ကြာသင်္ကန်း(မသိုးသင်္ကန်း)၊ သစ်သီးဆွမ်း၊ ပန်း‌၊ ရေချမ်း၊ ဆီးမီး၊ အ‌မွှေးနံ့သာတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကျောက်ပန်း‌တောင်းဓမ္မာရုံတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပထမဆုရရှိ‌သော ရာဇဓာတုကလျာစင်‌တော်အဖွဲ့အား ဝန်းကြီးချုပ်ဦးဝင်းသိန်းက ဆုဖလား၊ ငွေသားဆု(၅)သိန်း၊ဂုဏ်ပြုမှတ်တမ်းနှင့် …

Read More »

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၁ (ပဲခူး) ================= ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံကြီးတွင် နိုဝင်ဘာလ(၂၁)ရက်နေ့ ည(၇)နာရီအချိန်က (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြိုင်ပွဲကျင်းပရေးနာယက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက မသိုးသင်္ကန်းရက်လုပ်လှူဒါန်းခြင်း သည် သက်တော်ထင်ရှာ မြတ်စွာဘုရား ရှိတော်မူစဉ်အခါက မိဒွေးတော်ဂေါတမီ၏ သင်္ကန်းအလှူကို အကြောင်းပြုပြီး ရှေးမင်းအဆက်ဆက် ဗုဒ္ဓဘာသာဝင်များ အမြတ်တနိုးတန်ဖိုးထားပြီး လှူဒါန်းခဲ့သော ကုသိုလ်ပွဲဖြစ်ကြောင်း၊ လောကဓမ္မအကျိုးတရား(၂)ပါးမှ ဖြစ်ပေါ်လာမည့် ကောင်းကျိုးသုခအဝဝကို မြို့သူ/ မြို့သားများ ရရှိစေဘို့ ရည်ရွယ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏မြို့တော်ရဲ့ဂုဏ်အင်္ဂါ စေတီတော်မြတ်ကြီး၏ဘုန်းတော် တန်ခိုးတော်နှင့် လျော်ညီစွာရည်ရွယ်ချက်ကောင်းများစွာဖြင့် ကျင်းပသွားရန်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်မှာ သာသနာရောင်ဝါထွန်းလင်းတောက်ပပါမှ နိုင်ငံသူနိုင်ငံသားအပေါင်းမှာလည်း စည်းစိမ်ဥစ္စာရွှေငွေရတနာတွေ တစ်နေ့တစ်ခြားဒီရေအလား ကြွယ်ဝလာမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း သာသနာရောင်ဝါထာဝစဉ် ထိန်ထိန်လင်းစေဖို့ ခန့်ညားထယ်ဝါမှုအပြည့်အဝရှိသည့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို စနစ်တကျစီမံချက်ချမှတ်ပြီး …

Read More »

တောင်ငူမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်သို့တင်လှူပူဇော်ပွဲကျင်းပ

FI

နိုဝင်ဘာ ၂၀ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က တောင်ငူမြို့တည်နန်းတည် (၅၀၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေဆံတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်သို့တင်လှူ ပူဇော်ပွဲ၊ ရွှေထီးတော် မျက်းပါးရွှေကပ်လှူ ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘ်သေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တေးသံရှင်တစ်ဦးမှ ဗုဒ္ဓရောင်ခြည်တော်ဖွင့်ထူးမခြားနား သီချင်းကြီးဖြင့်ပူဇော်ကာ မင်္ဂလာငွေခရုနှင့် အောင်စည်အောင်မောင်းကိုးကြိမ်တီးခတ်ပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့၊ ကြာနီကန်စာသင်တိုက်ပဓာနနာယက ဆရာတော်ဘဒ္ဒန္တသူရိယ မထေရ်မြတ်ထံမှ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အမှုးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်တော်မူကြပြီး ဥပါသကာများမှ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို သံဃာတော်များထံဆက်ကပ်ကာ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ယင်းနောက် ဝန်ကြီးချုပ်၊ တောင်းပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး၊ ဝန်ကြီးများနှင့် အလှူ ရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် စသည်တို့ကို ဆက်ကပ်လှူ …

Read More »

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၀ (ပဲခူး) ================= ပဲခူးမြို့ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှုး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်များကိုယ်တိုင်သိရှိရန်နှင့် မိဘ/အုပ်ထိန်းသူများ၊ ရပ်ရွာပြည်သူလူထုများ သိရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးမြို့ အမှတ်(၁)မူကြိုကျောင်းမှ သားငယ်/သမီးငယ်များက “မမပုသိမ်သူ”၊ “လတ်တီး” သီချင်းများဖြင့်လည်းကောင်း၊ အမှတ်(၂)မူကြိုကျောင်းမှ သားငယ်/သမီးငယ်များက “ချစ်ခြင်းတရားနှင့်ပြည်ထောင်စု”၊ “ပြုံးပြုံးလေး”သီချင်းတို့ဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြပြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဥပဒေချုပ်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က သီဆိုဖျော်ဖြေကြသည့် သားငယ်/သမီးငယ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး တစ်လအကြာ ၁၉၉၁ခုနှစ် သြဂုတ်လ(၁၅)ရက်နေ့တွင် စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ (UNCRC)အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်နိုင်ရန် ကလေးသူငယ်ဥပဒေ(Child Law)ကို …

Read More »

ကျေးလက်ရေပေးရေး၊ ကုန်ထုတ်လမ်း/တံတား၊ ရုံးအဆောက်အဦ လုပ်ငန်းများ၏ နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၉ (ပဲခူး) ==================== ယနေ့ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် (ပြည်ထောင်စု/တိုင်းဒေသကြီး)ရန်ပုံငွေများဖြင့် တင်ဒါ စနစ်ဆောင်ရွက်မည့် ကျေးလက်ရေပေးရေး၊ ကုန်ထုတ် လမ်း/တံတား၊ ရုံးအဆောက်အဦ လုပ်ငန်းများ၏ နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တင်ဒါကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရး၊မွေးမြူရေး နှင့်ဆည်မြောင်းဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် က အဖွင့်အမှာစကားပြောကြားပြီး တင်ဒါကော်မတီအတွင်းရေးမှုး ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသိန်း က တင်ဒါ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တင်ဒါကော်မတီဥက္ကဌ၊ တင်ဒါ ကော်မတီဝင်များနှင့် တက်ရောက်လာကြသည့် ကုမ္ပဏီများ၏ ရှေ့မှောက်တွင် လုပ်ငန်းတစ်ခုချင်းအလိုက် တင်သွင်းလာသည့် အဆိုပြုလွှာများကို ဖွင့်လှစ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »