Home / 2018 / November / 02

Daily Archives: November 2, 2018

လေးဆူဗုဒ္ဓ”လိုတရ” စေတီတော်မြတ်ကြီး တည်ဆောက်ရေးတွင် ပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ခြင်း

45182205_508545259625219_9003316290772795392_n

နိုဝင်ဘာ ၂ (ဖြူး) ===================== ဖြူးမြို့၊ လေးဆူဗုဒ္ဓ”လိုတရ” စေတီ၏ ဖောင်ဒေးရှင်းလုပ်ငန်းများ (၇၅)%နှုန်းခန့် ပြီးစီးနေပြီးဖြစ်သည်။ ယင်းစေတီတော်၏ ကုန်းတော်အမြင့်(၁၁)ပေ၊ စေတီတော်ရင်ပြင်တော် အကျယ်(၂၀၀)ပတ်လည်၊ စေတီတော်လှိုင်ဂူအမြင့် (၁၈)ပေ၊ စေတီတော်လှိုင်ဂူအကျယ် (၁၀၀)ပေ ပတ်လည်၊ လှိုင်ဂူတော်မုခ် (၄)မုခ်၊ ဗုဒ္ဓရုပ်ပွားတော် (၄)ဆူ၊ စေတီတော် ဉာဏ်တော် (၁၀၈)ပေဖြင့် တည်ထားကိုးကွယ်သွားမည်ဖြစ်ပြီး၊ စေတီတော်တည်ဆောက်ရေးအတွက် ဆက်သွယ်လှူဒါန်းလိုပါက အကျိုးတော်ဆောင်အဖွဲ့၊ “လေးဆူဗုဒ္ဓလိုတရ ရွှေတိဂုံပုံတူစေတီ တော်မြတ်ကြီး” ဒက္ခိဏာရုံစာသင်တိုက်၊ ဖြူးမြို့၊ ဖုန်း- ၀၉၂၆၀၇၆၀၂၇၁၊ ၀၉၂၆၀၇၆၀၂၇၂၊ ၀၉၇၉၉၉၈၂၄၀၅၊ ၀၉၇၉၉၉၈၄၄၀၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြူးမြို့နယ်အတွင်းမှ စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်

FI

နိုဝင်ဘာ ၂ (ဖြူး) =============== နိုဝင်ဘာလ(၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်စည်ပင်သာယာရေးခန်းမတွင် အမှတ်(၄၃၉)ခြေမြန်တပ်ရင်းမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူများထံသို့ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများ နစ်နာမှုမရှိစေရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီး တောင်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲများအား ဦးစားပေးဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် လုပ်ပိုင်ခွင့်ပြန်လည် ရရှိသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် အရည်သွေးပြည့်မီသော အသီးအနှံများထွက်ရှိအောင် စိုက်ပျိုးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူ လယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနေသလို တောင်သူများအနေဖြင့်လည်း ဥပဒေနှင့်အညီ တောင်သူအချင်းချင်း စည်းလုံးညီညွတ်စွာ စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ သားစဉ်မြေးဆက်လုပ်ကိုင်ခွင့်ရရှိစေရန် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့၊ ဒက္ခိဏာရုံစာသင်တိုက်သို့ သွားရောက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထား

FI

နိုဝင်ဘာ ၂ (ဖြူး) ======================== နိုဝင်ဘာလ (၂)ရက်နေ့၊ မွန်းလွဲ(၁၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖြူးမြို့၊ ဒက္ခိဏာရုံစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များ အား သွားရောက်ဖူးမျှော်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒက္ခိဏာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ (ဂန္တဝါစကပဏ္ဍိတ၊ မဟာဂန္တဝါစကပဏ္ဍိတ)၊ မြို့နယ်သံဃနာယကဆရာတော် ဘဒ္ဒပညာဝံသနှင့် နိုင်ငံတော် ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တညာဏဝံသ တို့အား လှူဖွယ်ဝတ္ထုနှင့် လှူဖွယ်ခြင်းတို့အား လှူဒါန်းခဲ့ပြီး၊ ဆရာတော်၊ သံဃာတော်များထံမှ သြဝါဒစကား နာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒက္ခိဏာရုံစာသင်တိုက်အတွင်း တည်ဆောက် လျက်ရှိသော ဖြူးမြို့နယ်၏ ကျက်သရေဆောင် ဉာဏ်တော် (၁၀၈)ပေ အမြင့်ရှိ လေးဆူဗုဒ္ဓ “လိုတရ” ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးအား သွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါလေးဆူဗုဒ္ဓ”လိုတရ” စေတီ၏ …

Read More »

စွန့်လွှတ်မြေများအား မူလပိုင်ရှင်သို့ ပေးအပ်ရာတွင် အကျိုးရှိရှိပြန်လည်အသုံးပြုစေလိုကြောင်း ဝန်ကြီးချုပ် မှာကြား

FI

နိုဝင်ဘာ ၂ (ညောင်လေးပင်) ===========================           နိုဝင်ဘာလ (၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ညောင်လေးပင်မြို့၊ မြို့နယ်နယ်စည်ပင် သာယာရေးရုံး၊ သီရိရတနာခန်းမ၌ တပ်မတော်မှ ပိုလျှံ၍ ပြန်လည်စွန့်လွှတ်သည့် စိုက်ပျိုးမြေ များအား မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအစိုးရအနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး လျှင်မြန်စွာဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူတို့ရဲ့ အဓိကလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်များတွင် ယခုလိုပြန်လည်စွန့်လွှတ်သည့် တောင်သူများရဲ့ မူလစိုက်ပျိုးမြေများကို ဥပဒေနှင့်အညီ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရအောင် ဆောင်ရွက်ပေးနေမှုလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ပြန်လည်ရှိလာသည့် စိုက်ပျိုးမြေများကို အကျိုးရှိရှိ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဒီနေ့ထုတ်ပေးလိုက်တဲ့ ယာယီလုပ်ပိုင်ခွင့် ပုံစံ(၃)မှသည် တောင်သူတစ်ဦးချင်းအား လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) ရရှိရေး သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများမှ …

Read More »