Home / 2018 / November / 05

Daily Archives: November 5, 2018

မြို့ပြတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုပြယုဒ်သည် စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့၏ ကြိုးစားမှုရလဒ်နှင့် အချိုးညီကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

နိုဝင်ဘာ ၅ (ပဲခူး) ======================= နိုဝင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က စည်ပင်သာယာရေးကော်မတီများအနေဖြင့် ပြဌာန်းထားပြီးဖြစ်သော ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပါ ရည်ရွယ်ချက်များ အတိုင်း မိမိတို့၊ မြို့၊ မြို့ပြ၊ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများ လူနေမှု အဆင့်အတန်း မြင့်မားစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အများပြည်သူအကျိုးအတွက် ဆောင်ရွက်သွားကြရန်၊ ပြည်သူအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသည့် ပြည်သူ့ဗဟိုပြု စီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ စည်ပင်သာယာရေးကော်မတီဝင် များအနေဖြင့် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း မဟုတ်ဘဲ ကော်မတီဝင်များအားလုံး ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး မြို့သန့်ရှင်းသာယာလှပစေရေး ခေတ်နှင့်လျော်ညီစွာ ပုဂ္ဂလိက ပြုပြင်ပြောင်းလဲရေးကို အလေးထားဆောင်ရွက်ကြရန်၊ အခွန်၊ အခများ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

tender-300x300

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အောက်ပါတည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်- (က) ပဲခူးမြို့တွင် (၆၅ပေ × ၆၀ ပေ) (၆) ထပ် စုပေါင်းရုံးဆောက်လုပ်ခြင်း (ခ)   နေပြည်တော်တွင် (၁၀၈ ပေ×၄၆ ပေ) (၂) ထပ် ဧည့်ရိပ်သာဆောက်လုပ်ခြင်း အပြည့်အစုံကြည့်ရှုရန်———————-

Read More »

အသိပေးကြေငြာခြင်း

exten villages

အသင်းအဖွဲ့များ ဖွဲ့စည်းလျှောက်ထားခြင်းကိစ္စ၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ အပြည့်အစုံဖတ်ရှုရန်————————–

Read More »

အတ္တနှင့်ပရ မျှတအောင် စဉ်းစားချင့်ချိန်နိုင်သော ပညာရှိများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

FI

နိုဝင်ဘာ ၅ (ပဲခူး) ========================== နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၇)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အမှတ်စဉ်(၂)သို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ သြဝါဒခံယူပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၇)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အမှတ်စဉ်(၂)သို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀)ကျော် မှီတင်းနေထိုင်လျက်ရှိပြီး မြန်မာဟူသည်မှာ တိုင်းရင်းသားအားလုံးကို စုပေါင်း ခေါ်ဆိုသည့် အမည်နာမတစ်ခုပင်ဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် သို့ တက်ရောက်သင်ကြားမည့် သင်တန်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓါတ်ကို …

Read More »