Home / 2018 / November / 07

Daily Archives: November 7, 2018

ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး တွေ့ဆုံညှိနှိုင်း

FI

နိုဝင်ဘာ ၇ (ပြည်) =============== နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၉)အချိန်က ပြည်မြို့၊ လမ်းဦးစီးဌာန၊ နဝဒေးဧည့်ရိပ်သာ  အစည်းအဝေးခန်းမ၌ ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်မြို့ရှိ ကမ်းနားလမ်းသည် နိုင်ငံခြားသား ခရီးသွားများနှင့် ဒေသခံပြည်သူတို့အတွက် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကမ်းနားလမ်း အဆင့်မြှင့်တင်နိုင်မှသာ ပြည်မြို့၏ အဓိကစိတ်ဝင်စားဖွယ်ရာ နေရာတစ်ခုဖြစ်လာနိုင်ကြောင်း၊ ပြည်မြို့တည်ရှိရာ သရေခေတ္တရာသည် ပုဂံခေတ်ထက်စော၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများ တိုးတက်ခဲ့ကြောင်း၊ ပြည်ဒေသသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဟာဗျူဟာအရ အလွန်အရေးပါပြီး၊ ပဲခူးတိုင်းဒေသကြီးအတွက် ဂုဏ်ယူစရာ ရှေးဟောင်းမြို့တော်ကြီးတစ်ခုဖြစ်၍ တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးဇော်မိုးလွင်က ပြည်မြို့အတွင်းရှိ လမ်းများအား ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး …

Read More »