Home / 2018 / November / 10

Daily Archives: November 10, 2018

ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ပြည်သူဗဟိုပြုပြီး ကောင်းမွန်းသော အစိုးရတစ်ရပ်ဖြစ်စေရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြား

FI

နိုဝင်ဘာ ၁၀ (ပဲခူး) ================================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီမိုကရေစီ စနစ်အရ ပြည်သူများရဲ့ အခန်းကဏ္ဍဟာ အထူးအလေးထားရမှာဖြစ်ပြီး ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု (Public Participation) ကောင်းလေ လုပ်ငန်းများ ပိုမို အောင်မြင်လေဖြစ်ကြောင်း၊ Media များအနေဖြင့်လည်း လုပ်ငန်း လိုအပ်ချက်များ၊ ပြည်သူများ သိသင့်သိထိုက်တာတွေ သိရှိစေဖို့ ဆောင်ရွက်ပေး ရန်လိုအပ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှု၊ သုံးစွဲမှုတွေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် e-bago Mobile Application အား ၂၀၁၈(Mini Budget) မှ စတင်၍ လွှင့်တင်ပေးထားပြီးဖြစ်ကြောင်း၊ အုပ်ချုပ်ရေးဆောင်ရွက်ရာမှာ ပြည်သူကို ဗဟိုပြုတဲ့ …

Read More »

ဘုရင်မကြီးရှင်စောပု၏ အောင်မြေအောင်တော်မူ မြနန်းရှင်စေတီတော်မြတ်ကြီး ထီးတော်အသစ် တင်လှူပူဇော်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်ပူဇော်

FI

နိုဝင်ဘာ ၁၀ (ပဲခူး) ===========================  နိုဝင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပဲခူးမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၊ အုတ်ဖိုလ်ကျုံးရိုးကျေးရွာအပိုင်၊ ဘုရင်မကြီးရှင်စောပု၏ အောင်မြေအောင်တော်မူ မြနန်းရှင်စေတီတော်မြတ်ကြီး ထီးတော်အသစ် တင်လှူပူဇော်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်ပူဇော်ခဲ့သည်။ ရှေးဦးစွာ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ပေးခဲ့ပြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှ ငှက်မြတ်နားတော်အားလည်းကောင်း၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ စိန်ဖူးတော်မြတ်အားလည်းကောင်း ပင့်ဆောင်ကြပြီး စေတီတော်အား လက်ယာရစ် သုံးပတ်လှည့်လည်ပူဇော်ခဲ့ကာ မင်္ဂလာအချိန်အခါဖြစ်သည့် နံနက်(၉:၁၈)အချိန်တွင် စေတီတော်အထက်သို့ လက်ဆင့်ကမ်း ဆက်လက်ပင့်ဆောင်ခဲ့သည်။ ထို့နောက် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက “ဇယန္တောဇောဓိယာမူလေ” အစရှိသော အောင်ဂါထာတော်များကို ရွတ်ပွားသရဇ္စျာယ်တော်မူကြပြီးနောက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းမင်္ဂလာ အောင်မြင်ပြီးမြောက်၍ တေးသံရှင်များက ဓမ္မရတနာတေးထပ်မင်္ဂလာဖြင့် ထပ်ဆင့်မူဇော်ခဲ့ကြကြောင်း သိရသည်။ …

Read More »