Home / 2018 / November / 14

Daily Archives: November 14, 2018

ပဲခူးမြို့၊ ကလိလက်ကားစျေးတည်ဆောက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၄ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ (၁၄)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန် ပဲခူးမြို့၊ ကလိလက်ကားစျေးတည်ဆောက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Grand Style Co., Ltd တို့ MoU လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကလိ(တပ်ကလေး) လက်ကားစျေး တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံ၏ အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သော ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်လမ်းတို့သည် ပဲခူးမြို့ကို ဖြတ်သန်းလျက်ရှိကြောင်း၊ ပဲခူးဒေသအား ပြည်ပရင်းနှီးမြှုပ်နှံမှု အထူးစိတ်ဝင်စားခံရသည့် မြို့တစ်ခုဖြစ်ပြီး နောင်အနာဂတ်တွင် ယာဉ်ကြောရှုပ်ထွေးခြင်း၊ လူနေထူထပ်ခြင်း၊ ယာဉ်ရပ်နား စခန်းများ တည်ဆောက်ရန် လိုအပ်ခြင်း၊ တိုးတက်လာသည့် လူဦးရေအတွက် စျေးများလိုအပ် ခြင်း စသည့် အခြေခံလိုအပ်ချက်များအတွက် မျှော်မှန်းကာ ကလိ(တပ်ကလေး) လက်ကားစျေး ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ထပ်မံ၍လည်း ပဲခူးမြို့တွင်းရှိ စျေးများ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

FI

နိုဝင်ဘာ ၁၄ (ပဲခူး) ===================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၀)နာရီအချျိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှစုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ) ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလနှင့် ကထိန်နုမောဒနာတရား နာကြားကြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှုးနှင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော် ရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာ၊ဒါယကာ အစီအစဉ်အနေဖြင့် သတ်မှတ် …

Read More »