Home / 2018 / November / 15

Daily Archives: November 15, 2018

ပဲခူးမြို့နယ်အတွင်း စက်ရုံ/အလုပ်ရုံများ တည်ဆောက်နိုင်ရေး လာရောက်ကမ်းလှမ်း

FI

နိုဝင်ဘာ ၁၅ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ နိုဝင်ဘာလ (၁၅)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးမြို့နယ်အတွင်း စက်ရုံ/အလုပ်ရုံများ တည်ဆောက်နိုင်ရေး Sun Myanmar Group Companies မှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးအောင်နှင့် ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် Mr. Zuo Zhi Hai တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ကမ်းလှမ်းခဲ့သည်။ ရှေးဦးစွာ Sun Myanmar Group Companies မှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးအောင်နှင့် ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် Mr. Zuo Zhi Hai တို့က မိမိတို့အနေဖြင့် ပဲခူးမြို့၊ တိုက်ကြီး-ဖောင်ကြီးလမ်းပေါ်ရှိ မြေဧရိယာ (၄၉.၅)ဧကတွင် စက်ရုံ/အလုပ်များ ဆောင်ရွက်နိုင်ရန် လာရောက်ရခြင်းဖြစ်ပါကြောင်း၊ စက်ရုံများ တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူ(၂)သောင်းခန့် အလုပ်အကိုင် အခွင့်အလမ်း များ ခံစားရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားမှ …

Read More »

ရွှေခရုကာကွယ်နှိမ်နင်းမှု တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၅ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု ကွင်းအမှတ် ၆၈၇(က) မိုင်တိုင်အမှတ်(၆၅/၄) တောင်သူဒေါ်ရီစိန်၏ မိုးစပါးစိုက်ခင်းတွင် ရွှေခရုကာကွယ်နှိမ်နင်းမှု တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှုးဦးလှမြင့်က စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်တင်တင်ထွေးက ရွှေခရုကာကွယ်နှိမ်နင်းခြင်း စမ်းသပ်ကွက်တွေ့ရှိချက်များအား ရှင်းလင်းပြောကြားပြီး ဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများက ရွှေခရုကာကွယ်နှိမ်နင်းခြင်း စမ်းသပ်ကွက်အားကြည့်ရှုကြသည်။ ယင်းနောက် ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု ကွင်းအမှတ် ၆၈၇(က)၊ ဦးပိုင်အမှတ်(၃/၇) တောင်သူဒေါ်ရီစိန်၏ မိုးစပါးစံပြကွက်(ဝ.၁၀)ဧကအား စက်ကိရိယာမျာဖြင့် စံကွက်ရိတ်သိမ်းရာ အထွက်နှုန်းစပါးအစို(၁၁.၆) တင်းထွက်ရှိပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် စပါးအစို(၁၁၆)တင်းနှုန်းထွက်ရှိကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခုနှစ် မိုးစပါးတွင် ပဲခူး၊ …

Read More »