Home / 2018 / November / 18

Daily Archives: November 18, 2018

ရပ်ကွက်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကောင်းများ ဆောင်ရွက်နိုင်ရေး ပြည်သူလူထုနှင့်တွေ့ဆုံ

FI

ရွှေတောင် နိုဝင်ဘာ ၁၈ ===================== ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်ခန်းမ၌ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရွှေတောင်မြို့ပြည်သူလူထု တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ  ဝန်ကြီးချုပ်ဦးဝင်းသိန်းက “ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများကိုဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေနှင့်တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ဒီမိုကရေစီစနစ်သို့ပြောင်းလဲချီတက်ရာတွင် ဥပဒေလေးစားလိုက်နာရန်နှင့် လိုက်နာကျင့်သုံးရန်မှာ မရှိမဖြစ်လိုအပ်ပြီး ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုထက် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုဟာ ပိုအရေးပါနေတယ်ဆိုတာ တိုက်တွန်းပြောကြားလိုကြောင်း၊ ရပ်ရွာအတွင်းမှာ နှစ်ရှည်လများစွာ ဖြစ်ပွားနေသော မြေယာစီမံခန့်ခွဲမှုကိစ္စများ၊ ပုံစံ(၇)ထုတ်ပေးမှုများ၊ သိမ်းဆည်းမြေစိစစ်တဲ့ကိစ္စများ အဆင့်ဆင့်သောတာဝန်ရှိသူများအနေဖြင့်သတ်မှတ်ထားသော မူဝါဒများ ဥပဒေများနှင့်အညီ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ပြီး အဖြေရှာတင်ပြပေးကြရန်၊ မိမိတို့ဒေသ၏ လိုအပ်ချက်များထဲမှ အမှန်တကယ်လိုအပ်ချက်များကို အောက်ခြေအဆင့်ဆင့်တင်ပြပေးရန်၊ မိမိတို့အစိုးရအနေဖြင့် တိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် အဓိကထားဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူလူထု ယုံကြည်အားကိုးရတဲ့ ပြည်သူ့ဖက်မျက်နှာမူတဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်အောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ …

Read More »