Home / 2018 / November / 19

Daily Archives: November 19, 2018

ကျေးလက်ရေပေးရေး၊ ကုန်ထုတ်လမ်း/တံတား၊ ရုံးအဆောက်အဦ လုပ်ငန်းများ၏ နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၉ (ပဲခူး) ==================== ယနေ့ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် (ပြည်ထောင်စု/တိုင်းဒေသကြီး)ရန်ပုံငွေများဖြင့် တင်ဒါ စနစ်ဆောင်ရွက်မည့် ကျေးလက်ရေပေးရေး၊ ကုန်ထုတ် လမ်း/တံတား၊ ရုံးအဆောက်အဦ လုပ်ငန်းများ၏ နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တင်ဒါကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရး၊မွေးမြူရေး နှင့်ဆည်မြောင်းဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် က အဖွင့်အမှာစကားပြောကြားပြီး တင်ဒါကော်မတီအတွင်းရေးမှုး ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသိန်း က တင်ဒါ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တင်ဒါကော်မတီဥက္ကဌ၊ တင်ဒါ ကော်မတီဝင်များနှင့် တက်ရောက်လာကြသည့် ကုမ္ပဏီများ၏ ရှေ့မှောက်တွင် လုပ်ငန်းတစ်ခုချင်းအလိုက် တင်သွင်းလာသည့် အဆိုပြုလွှာများကို ဖွင့်လှစ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »