Home / 2018 / December

Monthly Archives: December 2018

လမ်း/တံတား ဆောင်ရွက်နေမှုကို ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

FI

သာယာဝတီ ဒီဇင်ဘာ(၂၉) ====================== ဒီဇင်ဘာလ(၂၉)ရက်နေ့ မွန်းလွဲ(၃)နာရီက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည်သာယာဝတီမြို့နယ် (ဥတိုကြီးကျေးရွာ) ပြည်တော်သာရပ်ကွက်အတွင်း ကျေးလက်လမ်းခင်းနေမှုနှင့် အန္တရာယ်ရှိတံတားအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။ အဆိုပါတံတားအား အကျယ် ၁၄ပေ အလျား ၈၅ပေခန့် ဖြင့်အသစ်ပြန်လည်တည်ဆောက်ရန် လျာထားပြီး တံတားပြီးစီးသွားပါက ရပ်ကွက်နေပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဝန်ကြီးချုပ်သည် ဒေသခံပြည်သူများအား ဒေသလိုအပ်ချက်များမေးမြန်း၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်တွင် ပြည်သူများနှင့်တွေ့ဆုံ

FI

သာယာဝတီ ဒီဇင်ဘာ ၂၉ ================ လက်ပံတန်းမြို့နယ် ဂရံစံပြစခန်း၌ နံနက် ၈:၃၀နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကာ လက်ပံတန်းမြို့နယ် မကျီးကွင်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၁၅၉)ရှိ ပယ်ဖျက်ခွင့်ကျပြီးသော စားကျက်မြေပေါ်တွင် အသုံးပြုနေမှုအား ရှင်းလင်းတွေ့ဆုံပွဲပြုလုပ်ပြီးနောက် သာယာဝတီမြို့နယ် သာယာအေးကျေးရွာ အထက(ခွဲ)ဂရံ(တပ်တွင်း)ကျောင်း၌ ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးများရရှိရေး၊ လယ်ယာမြေများပုံစံ(၇)ရရှိရေးနှင့် ချေးငွေများရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျေးရွာဆေးပေးခန်းများမှ တိုက်နယ်ဆေးရုံအထိ တိုးမြှင့်ဆောင်ရွက်ပေးရေး စသည်တို့ တင်ပြဆွေးနွေးသည်။ ထို့နောက် ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

Read More »

သာယာဝတီမြို့တွင်ကျင်းပသော နောက်ဆုံးပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဒီဇင်ဘာ ၂၉ (သာယာဝတီ/ပဲခူး) ================ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က သာယာဝတီမြို့၌ ၂၀၁၈ခုနှစ် လူထုအားကစားလ နောက်ဆုံးအပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား (၁၅၉၃၅)ဦးကျော် တက်ရောက်ပြီး အထက(၁)သာယာဝတီမှ ဘူတာလမ်း၊ ဆရာစံလမ်း၊ ဈေးလမ်း၊ ဓမ္မာရုံလမ်း၊ မြို့ပတ်လမ်းအတိုင်း ထိုမှတစ်ဆင့် ခရိုင်အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြသည့်အပြင် သာယာဝတီခရိုင်ကစားကွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)နှင့် (၂)တို့ကို စုပေါင်းလုပ်ဆောင်ကြသည်။ ထို့အတူ ပဲခူးမြို့တွင်လည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး လှမျိုးရွှေ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ လွှတ်တော်ဒုတိယက္ကဌဦးကြည်ဇင်၊ အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတိုးဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ …

Read More »

စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အလိုက် တင်ဒါလုပ်ငန်းများ

tender-300x300

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ ဒိုက်ဦး၊ ကဝ၊ ညောင်လေးပင်၊ ရွှေကျင်၊ သဲကုန်း၊ ကျောက်ကြီး၊ အုတ်တွင်း၊ ဖြူး၊ တောင်ငူ၊ ရေတာရှည်၊ ပြည်၊ သဲကုန်း၊ လက်ပံတန်း၊ နတ်တလင်း၊ အုတ်ဖိုမြို့နယ်များရှိ စည်ပင်သာယာရေးအဖွဲ့များ၏ တင်ဒါလုပ်ငန်းများအား သိရှိနိုင်ပါရန် −−−−−−−−−− အပြည့်အစုံကြည့်ရှု့ရန်————–

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ================ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၂၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က အသေးစား၊ အငယ်စားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့ တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက ဦးဝင်းသိန်းက မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် MSME လုပ်ငန်းများ (၉၀)ရာခိုင်နှုန်းခန့် ပါဝင်နေသဖြင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် တည်မြဲရန် အရေးကြီးကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂)တွင် “နိုင်ငံတော်၏ စီးပွားရေး ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို …

Read More »

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ငွေကြေးကိုအခြေမပြုပဲ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကို အခြေပြုပြီး ဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ (၂၇)ရက်နေ့၊ နံနက် (၈)နာရီအချိန်က ဗဟို MSME အေဂျင်စီနှင့် ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီတို့ တွေ့ဆုံ ညှိနှိုင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ နာယက၊ ဝန်ကြီးချုပ်က ဦးဝင်းသိန်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြုံတွေ့နေရသည့် ငွေကြေး၊ မြေနေရာ၊ နည်းပညာ စသည့်အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး အချိန်ဖြစ်၍ ယခင်က ငွေကြေးကို အခြေပြုသည့်စနစ်မှ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကို အခြေပြုသည့် စနစ်သို့ ပြောင်းလဲရတော့မည်ဖြစ်ကြောင်း၊ ဒါမှသာ နိုင်ငံတကာနှင့် ယဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အသေးစား၊ အငယ်စား၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ရေနံတူးဖော်နိုင်ရေးအတွက် စမ်းသပ်တိုင်းတာခြင်းလုပ်ငန်းများ (၈၅)% ပြီးစီးပြီဖြစ်

FI

ဒီဇင်ဘာ ၂၆ (ပဲခူး) =================           ဒီဇင်ဘာလ (၂၆)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ရေနံတူးဖော်နိုင်ရေး စမ်းသပ်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား Pacific Hunt Energy Co., Ltd မှာ လာရောက်ရှင်းလင်းတင်ပြသည်။           ရှေးဦးစွာ Pacific Hunt Energy Co., Ltd , Country Manager, Ms. Tamara Makaryan က မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ Government Relations Manager ဦးကျော်ကျော်နိုင်က ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကျောက်တံခါး မြို့နယ်နှင့် ဖြူးမြို့နယ်များတွင် ကနဦးရေနံစမ်းသပ်ရှာဖွေခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် CSR (ပြည်သူ့အကျိုးပြုလုပ်ငန်းများ) ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးအတွင်း …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အင်းမမြို့ဈေးသစ် တည်ဆောက်နေမှုကြည့်ရှုစစ်ဆေးပြီး ပေါင်းတည်မြို့ဘိုးဘွားရိပ်သာ၌ စားသောက်ဖွယ်ရာများနှင့် အလှူငွေလှူဒါန်း

FI

ဒီဇင်ဘာ ၂၃ (အင်းမ) ======================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက် (၈)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်၊ အင်းမမြို့ဈေးသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက ဈေးဆောက်လုပ်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတည်မြို့၊ ဖွားဦးဇွန်း-ဒေါ်သုမာလာဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားများအတွက် အာဟာရဒါန ဆွမ်းကျွေးအလှူ တော်ငွေကျပ် (၁၁၅၀၀ဝိ/-)ကျပ်နှင့်အတူ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါဘိုးဘွားရိပ်သာ၌ ယခုလက်ရှိတွင်အသက်(၇၀)နှစ်မှ(၈၀)နှစ်ကျော်အဘိုးအဘွား (၅၀)ဦးနေထိုင်လျှက်ရှိကြောင်းသိရသည်။

Read More »

နဝဒေးတံတားချဉ်းကပ်လမ်းဖောက်လုပ်စဉ် ပါဝင်သွားသည့်လယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်

FI

ဒီဇင်ဘာ ၂၂ (ပန်းတောင်း) ====================== ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်(၁၂)အချိန်က နဝဒေးတံတားချဉ်းကပ်လမ်းဖောက်လုပ်စဉ် ပါဝင်သွားသည့်လယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစ်ကူးတံတားများတည်ဆောက်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏လိုအပ်ချက်အရ လယ်ယာမြေများကို ဖြတ်သန်းဆောင်ရွက်ခဲ့ရသည့်အတွက် တောင်သူများနစ်နာခဲ့ရကြောင်း၊ နစ်နာခဲ့သောတောင်သူများအတွက် နိုင်ငံတော်မှလယ်ယာမြေဥပဒေနှင့်အညီ နစ်နာကြေး၊ လျော်ကြေးများပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့နိုင်ငံတော်မှပြည်သူ့အကျိုးအတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများနေရာဒေသမရွေး၊ အချိန်အခါမရွေး သွားလာနိုင်ကြပြီကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်နေချိန်တွင် ပြည်သူများအနေဖြင့် တတ်စွမ်းသမျှပါဝင်ကူညီဆောင်ရွက်ပေးကြလိုကြောင်းအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် နဝဒေးတံတားချဉ်းကပ်လမ်းဖောက်လုပ်စဉ် ပါဝင်သွားသည့်လယ်ယာမြေများအတွက် ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်တို့က တောင်သူများထံလျော်ကြေးငွေများ ပေးအပ်ကြပြီး တောက်သူများကိုယ်စား တောင်သူဦးစောနုက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ပန်းတောင်းမြို့နယ်အတွင်း နဝဒေးတံတားစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှတာဝန်ယူကာ ၁၉၉၄ခုနှစ် မတ်လ(၁)ရက်နေ့မှစတက်၍ …

Read More »

ပန်းတောင်းမြို့နယ် တက်သစ်ကျွန်းကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၂ (ပန်းတောင်း) ================== ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် သရက်လိန်ကျေးရွာအုပ်စု၊ တက်သစ်ကျွန်းကျေးရွာတွင် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် MEGA Global Green Automation Co,Ltdကုမ္ပဏီတို့ပူးပေါင်းပြီး NEPစီမံကိန်း Solar Mini-Gridဖြင့်ဆောင်ရွက်သော ကျေးလက်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသိန်းလွင်က NEP စီမံကိန်းSolar Mini-Gridဖြင့်ဆောင်ရွက်သော ကျေးလက်မီးလင်းရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဇင်မိုးထိုက်က ဒေသဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများအားလည်းကောင်း၊  MEGA Global Green Automation Co,Ltd မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဇော်အောင်က ကျေးရွာမီးလင်းရေးလုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း အသီးသီးရှင်းလင်းပြောကြားပြီး တက်သစ်ကျွန်းကျေးရွာမီးလင်းရေူအတွက် ကျေူရွာအုပ်ချုပ်ရေးမှုး ဦးကျော်ဇောလင်းကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်MEGA Global Green Automation Co,Ltd တို့ပူးပေါင်းဆောင်ရွက်သော ပန်းတောင်းမြို့နယ် သရက်လိန်ကျေးရွာအုပ်စု၊ တက်သစ်ကျွန်းကျေးရွာ ကျေးလက်မီးလင်းရေးမုခ်ဦးအား …

Read More »