Home / 2018 / December / 01

Daily Archives: December 1, 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ကိုင်းဆည်သို့သွားရောက်ကြည့်ရှု ပြည်သူနှင့်တွေ့ဆုံ

FI

ဒီဇင်ဘာ ၁ (ပန်းတောင်း) ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပန်းတောင်းမြို့နယ်၊ အုတ်ဖိုရွာသစ်အထက်(ဝ.၅)မိုင်ခန့်ရှိ ညောင်ကိုင်းဆည်သို့သွားရောက်ကြည့်ရှုခဲ့သည်။ ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ဒုတိယညွှန်ကြားရေးမှုး ဦးအောင်ဗိုလ်နှင့် လက်ထောက်ညွှန်ကြားရေးမှုး ဦးဇော်ဦးတို့က ဆည်၏သမိုင်းကြောင်း၊ ကြံ့ခိုင်မှုအခြေအနေ၊ ဒေသခံပြည်သူ အကျိုးသက်ရောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ဆည်ကြံ့ခိုင်မှုအခြေအနေနှင့်ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်ကြရန်မှာကြားပြီး ဆည်အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျီးပင်ကျေးရွာသို့သွားရောက်ပြီး ကျီးပင်ကျေးရွာဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသခံများ တွေ့ကြုံနေရသည့် လယ်ယာမြေပြဿ နာများရှင်းလင်းပေးခြင်း၊ ဒေသခံများမှ တင်ပြတောင်းဆိုသည့် ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာများ၊ သောက်ရေကန် တူးဖော်ပေးရေးကိစ္စရပ်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် …

Read More »

ပြည်မြို့တွင် ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာထပ်ဆင့်ပွား ငြိမ်းချမ်းရေးဆိုင်းဘုတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁ (ပြည်) ==================== ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းဆုံရှိ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့တွင် ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာထပ်ဆင့်ပွား ငြိမ်းချမ်းရေးဆိုင်းဘုတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာထပ်ဆင့်ပွား ငြိမ်းချမ်းရေးဆိုင်းဘုတ်အား ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နော်ပွယ်စေးနှင့် သိက္ခာတော်ရဆရာကြီးဦးသိန်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က အမှာစကားပြောကြားပြီး သိက္ခာတော်ရဆရာကြီးဦးသိန်းလွင်က ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာထပ်ဆင့်ပွား အစီအစဉ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဆရာဇေယျာမင်းရှင်က ငြိမ်းချမ်းရေးဆန္ဒပြုခြင်းအစီအစဉ်ပြုလုပ်သည်။ အဆိုပါအဖွဲ့သည် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်(၉:၃၀) နာရီကျော်အချိန်က ပြည်မြို့ ဆိပ်ကမ်းသို့ရောက်ရှိလာရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နော်ပွယ်စေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများက ကြိုဆိုကြခဲ့ကြပြီး ငြိမ်းချမ်းရေးစကားဝိုင်းများ၊ ဆွေးနွေးပွဲများပြုလုပ်ကြမည့်အပြင် ငြိမ်းချမ်းရေးတေးသံသာများပြန့်လွင်အောင် သီဆိုဖျော်ဖြေမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ …

Read More »