Home / 2018 / December / 02

Daily Archives: December 2, 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဖွံ့ရေးအတွက် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂ (အုတ်ဖို) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်နှင့်အတူ အုတ်ဖိုမြို့နယ် အေးမြသာယာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ မဟာဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ အဂတိကင်းရှင်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်က နယ်မြေဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်ပတါသက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက ကျေးရွာချင်းဆက်လမ်း၊ တံတားများကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ကုန်ထုတ်လမ်းများကောင်းမွန်အောင်ဖော်ထုတ်ဆောင်ရွက်ပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးမှုရှိရေး၊ သောက်သုံးရေးရရှိရေး၊ အေးမြသာယာကျေးရွာအား မြို့အဖြစ်အဆင့်မြှင့်ပေးနိုင်ရေး၊ ထွန်းရွှေဝါခန်းမအား …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ကျွန်းကြိုးဝိုင်း-ဒေါက်တာဘရန်းဒစ်ကျွန်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှု

FI

ဒီဇင်ဘာ ၂ (ပြည်) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်(၈)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ပြည်ကျွန်းကြိုးဝိုင်း-ဒေါက်တာဘရန်းဒစ်ကျွန်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးထိုက်လွင်ဦးက ပြည်ကျွန်းကြိုးဝိုင်းအတွင်း ကျွန်းပင်များစိုက်ပျိုးထားရှိမှု၊ ထိန်းသိမ်းထားရှိမှုနှင့် ကြိုးဝိုင်း၏အခြေအနေအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ပြည်ကျွန်းကြိုးဝိုင်းအတွင်း ပြည်တွင်း ပြည်ပခရီးသွားပြည်သူများ လာရောက်လေ့လာအပန်းဖြေနိုင်အောင် စနစ်တကျပြင်ဆင်ဆောင်ရွက်ထားဖို့လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သစ်တောကြိုးဝိုင်းအတွင်း လှည့်လည်ကြည့်ခြင်း ဂျာမန်နိုင်ငံသား ဒေါက်တာဘရန်းဒစ် စမ်းသပ်စိုက်ပျိုးထားရှိသော သက်တမ်းနှစ်(၁၆၁)နှစ်ရှိ ကျွန်းပင်ကြီးအား ကြည့်ရှု့လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ကျွန်းတောဆင်စခန်းသို့သွားရောက်ပြီး ဆင်များအား အစားကျွေးမွေးခဲ့ကြသည်။ ပြည်ကျွန်းကြိုးဝိုင်း-ဒေါက်တာဘရန်းဒစ်ကျွန်းစိုက်ခင်းသည် (၇၈)ဧက(၃၁.၅၇ ဟတ်တာ)ကျယ်ဝန်းပြီး ပြည်မြို့၏တောင်ဘက် (၆)ဖာလုံခန့်အကွာ ရန်ကုန်-ပြည်ကားလမ်းဘေး မိုင်တိုင် (၁၇၆/၆မှ၁၇၇/ဝ)အတွင်းတည်ရှိသည်။ ကျွန်း၊ ပျဉ်းကတိုး၊ ရုံး၊ နဘဲ၊ …

Read More »