Home / 2018 / December / 03

Daily Archives: December 3, 2018

ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၃ (ပဲခူး) ==================== ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက “စဉ်ဆက်မပြတ်ဖွံ့ဖြိုးပြီး ကြံ့ခိုင်သန်စွမ်းသော လူ့အဖွဲ့အစည်းများ ဖန်တီးဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အပြည့်အဝ ပေါင်းစည်းပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မသန်စွမ်းသူများအပါအဝင် မိဘပြည်သူတစ်ရပ်လုံး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မသန်စွမ်း အဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းပြီး မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို အလေးဂရုပြု ဖော်ထုတ်အသိအမှတ်ပြု ကြိုးပမ်းဆောင်ရွက်ကြရန်” အဖွင့်အမှာစကား ပြောကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက ဖတ်ကြားသည်။ ထို့နောက် သံစဉ်ပန်း မသန်စွမ်းအနုပညာလှုပ်ရှားမှုအဖွဲ့မှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ချီးမြှင့်ငွေနှင့်လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ …

Read More »