Home / 2018 / December / 06

Daily Archives: December 6, 2018

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် သံဃာအပါး(၅၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ပဲခူး(၆) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ ဒီဇင်ဘာလ(၆)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် သံဃာအပါး(၅၀၀၀)ဆွမ်းဆန်တော်လောင်းလှူ ပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်တော်မူကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆရာတော်ကြီးများအား လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား ရွှေသင်္ကန်းတော်ကပ်လှူ ရန်အတွက် အလှူ ငွေကျပ်သိန်း(၁၀၀)၊ ပဲခူးတိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးရေးအတွက် အလှူ ငွေကျပ်သိန်း(၂၀၀)တို့ကို လင်ဂျူ းတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပေးအပ်လှူ ဒါန်းခြင်း၊ ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် ဝတ္ထုကံမြေဧရိယာ(၆၀၆.၂၀)ဧကဆိုင်ရာ စာရွက်စာတမ်းများကို အလှူ ရှင်များက ပေးအပ်လှူ ဒါန်းခြင်း၊ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပဲခူးမြို့ပေါ်ရှိဘာသာရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များသို့ ဂုဏ်ပြုမှတ်တမ်းလွှာ …

Read More »

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၆ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီမှကြီးမှုးပြီး ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့ သီရိဟံသာခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအား Video Clipဖြင့်ပြသပေးသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုးဒေါ်မြင့်မြင့်ကြည်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးအကြမ်းဖက်ခြင်း ဆိုင်ရာများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဒေါ်သန်းသန်းအေးက အကြမ်းဖက်ခံရသော အမျိုးသမီးများအပေါ် ကူညီပေးနိုင်မှုနှင့်ပတ်သက်၍လည်းကောင်း၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှုးရဲမှုးမောင်မောင်ဝင်းက လူကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်တားဆီးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာချိုချိုအောင်က မျိုးဆက်ပွား ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ လည်းကောင်း၊ Legal Clinic Myanmar(ဥပဒေရေးရာ ကုစားရေးမြန်မာ)အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေဝင်းက အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ အကြမ်းဖက်ခံရခြင်းမှ လျှော့ချနိုင်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးအကြံပြု တင်ပြကြသည်။ …

Read More »

နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်ဦးဝင်းသိန်း မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်း

FI

ဒီဇင်ဘာ ၆ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ်တွင် ဒီဇက်ဘာလ(၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်တွင် ကျင်းပပြုလုပ်မည့် သံဃာအပါး(၅၀၀၀)ဆွမ်းဆန်တော်လောင်းလှူ ပွဲသို့ ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနာယဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုမှ ဆွမ်းဆက်ကပ်လှူ ဒါန်းပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးနှင့်ဇနီးမိသားစု၊ လွှတ်တော်ဥက္ကဌ၊ ဥပဒေချုပ်နှင့်ဧည့်သည်တော်များက နိုင်ငံတော်သြဝါဒစရိယ ပဲခူးမြို့မစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တော်မူကြီး ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုနှင့် လွှတ်တော်ဥက္ကဌတို့က လှူဖွယ်ခြင်းနှင့်ဝတ္ထုပစ္စည်းများဆက်ကပ်လှူ ဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေကာ ဆရာတော်ကြီးများ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read More »