Home / 2019 / January

Monthly Archives: January 2019

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ကြေငြာချက်

may

ဇန်နဝါရီ ၃၁ (ပဲခူး) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန် အသိပေး ကြေငြာအပ်ပါသည်-

Read More »

သုံးဆယ် − သာယာဝတီ − လက်ပံတန်း − မင်းလှ − မိုးညိုမြို့နယ်တို့ရှိ စျေးများအား FDA သွားရောက်စစ်ဆေး

50485411_320637028562704_2400230954267312128_n

ဇန်နဝါရီ ၃၁ (မိုးညို) ==================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလအတွက် ဒုတိယအကြိမ်မြောက်  Mobile Lab Van ဖြင့် စစ်ဆေးခြင်းအဖြစ် (၃၀.၁.၂၀၁၉) နှင့် (၃၁.၁.၂၀၁၉) ရက်နေ့များတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နှီးနွယ်အဖွဲ့များပူးပေါင်း၍ သုံးဆယ် − သာယာဝတီ − လက်ပံတန်း − မင်းလှ − မိုးညိုမြို့တို့ရှိ စျေး(၅)စျေးတွင် Mobile Lab Van (နယ်လှည့်ဓါတ်ခွဲစစ်ဆေးရေးကား)ဖြင့် အစားအသောက်များနှင့် အလှကုန်များအား နမူနာကောက်ယူစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သုံးဆယ်မြို့− သာယာဝတီမြို့ − မင်းလှမြို့ − မိုးညိုမြို့ − လက်ပံတန်းမြို့များရှိ မြို့မစျေးများတွင် မုန့်ဟင်းခါးမုန့်ဖတ်၊ ပဲပြား၊ ပဲတီချဉ်၊ မျှစ်၊ …

Read More »

ပဲခူးမြို့၊ ရှေးဟောင်းကျုံးနှင့် မြို့ရိုး ပြန်လည်တူးဖော်မှုဆောင်ရွက်နေပြီဖြစ်

FI

ဇန်နဝါရီလ ၃၀ (ပဲခူး) ====================== ပဲခူးမြို့၊ ရှေးဟောင်းကျုံးနှင့်မြို့ရိုး ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တင်ဒါအောင်မြင်ခဲ့သော Asia Peacock ဟံသာဝတီကုမ္ပဏီလီမိတက်မှ တာဝန်ယူကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါတူးဖော်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ (၁၇)ရက်နေ့မှစ၍ ပထမအဆင့် အနေဖြင့် ဟံသာဝတီမြို့ဟောင်း၏ အနောက်မြောက်ဘက် သိန္ဒီတံခါးအနီးရှိ ရှေးဟောင်းမြို့ရိုး အရှည်ပေ(၁၂၀၀)ခန့်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်(၁၈၀.၂၂၆) သန်း ဖြင့်လည်းကောင်း၊ ကျုံးတူးဖော်ခြင်းလုပ်ငန်းနှင့် ကျုံးပတ်လမ်းအနေဖြင့် မြေသားလမ်း အကျယ်(၂၂)ပေ၊ ဂဝံလမ်းအကျယ်(၁၈)ပေ၊ အရှည်(၃၅၄၀)ပေအား ခွင့်ပြုငွေကျပ် (၁၈၅.၇၅)သန်း ဖြင့်လည်းကောင်း Asia Peacock ဟံသာဝတီကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသည့် အပြင် ကျုံးအတွင်းရှိ အမှိုက်၊ ဒိုက်၊ နှုံးများလည်း ပြန်လည်တူးဖော်ဆယ်ယူခြင်း၊ မူလမြို့ရိုးတံခါးနေရာများ ဖော်ထုတ်၍ ဆိုင်းဘုတ်များတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ကြီးနှင့်အတူ မြို့ရိုးများ၊ ကျုံးများအား …

Read More »

သတ်မှတ်ရက်ကျော်လွန်ပြီးသော တည်ဆဲကုမ္ပဏီများအား ဒဏ်ကြေးငွေ ပေးဆောင်စေ၍ ပြန်လည်မှတ်ပုံတင်နိုင်ကြောင်း အသိပေးခြင်း

MIC Noti

ဇန်နဝါရီ ၂၉ (ပဲခူး) ======================== တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန် သတ်မှတ် နောက်ဆုံးရက်ဖြစ်သော (၃၁.၁.၂၀၁၉) ရက်နေ့နောက်ပိုင်း     ပြန်လည်မှတ်ပုံတင်ခြင်းအား ဆောင်ရွက်ရွက်လိုပါက တိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးရုံးများတွင် ဆောင်ရွက်နိုင်တော့မည် မဟုတ်ဘဲ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန(ရုံးချုပ်)တွင်သာ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကာ နောက်ကျဒဏ်ကြေးငွေအဖြစ် ကျပ်၂၅၀,၀၀၀/- အားသတ်မှတ် ပေးသွင်းစေမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ဌာန(ရုံးချုပ်)တွင်သာ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းအသိပေးအပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဖုန်း-၀၅၂ ၂၂၀၁၇၄၇ အီးမေးလ်- dicabagoregion@gmail.com

Read More »

ပဲခူးမြို့၌ ကလေးစာပေပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးပွဲကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၂၉ (ပဲခူး) ======================== ဇန်နဝါရီလ (၂၉)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်တွင် ကလေးစာပေပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကလေးစာပေပွဲတော်အား မြန်မာနိုင်ငံအနှံအပြားတွင် ကျင်းခဲ့ပြီးဖြစ်ကြောင်း၊ ကလေးငယ်များ ပျော်ရွှင်မှုခံစားနိုင်စေရန် ပွဲတော်အသွင်သဏ္ဍာန်ဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကလေးငယ်များ စာပေနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်တွင် ပျော်ရွှင်မွေ့လျော်စေရန်၊ ကိုယ်တိုင် ပါဝင်ဆင်နွဲစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အရည်အချင်းသာမက အရည်အသွေးပါထူးချွန်သည့် ကလေးငယ်များဖြစ်စေရန်နှင့် တိုင်ပြည် အနာဂတ်ကောင်းမွန်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက စာပေယဉ်ကျေးမှု ပျောက်ကွယ်သွားပါက ဆိုးသွမ်းသော လူအဖွဲ့အစည်းဖြစ်သွားနိုင်ကြောင်း၊ ကလေးငယ်များအား ငယ်ရွယ်စဉ်အခါမှ စတင်၍ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် လိုအပ်မည်ဖြစ်ကြောင်း၊ နည်းပညာပေါက်ကွဲမှုသည် ယနေ့ပညာခေတ်တွင် စာပေဖတ်မှတ်လေ့လာမှသာ ခေတ်နှင့်အညီ အမှီလိုက်နိုင်မည်ဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်တွင် …

Read More »

ကျေးလက်ဒေသများတွင် အသုံးပြုနိုင်ရေး ဂျပန်နိုင်ငံထုတ် နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက် လာရောက်လှူဒါန်း

FI

ဇန်နဝါရီ ၂၉ (ပဲခူး) ======================== ဇန်နဝါရီလ (၂၉)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ဂျပန်နိုင်ငံအခြေစိုက်၊ KPS Industry Co., Ltd မှ Mr.Date Kotaro ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ကျေးလက်ဒေသများတွင် အသုံးပြုနိုင်ရေး ဂျပန်နိုင်ငံထုတ် နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက် လာရောက်လှူဒါန်းသည်။ ရှေးဦးစွာ Mr.Date Kotaro က မိမိတို့ကုမ္ပဏီသည် ဂျပန်နိုင်ငံ၌ နှစ်ပေါင်း(၆၀)ကျော် ခန့်ကတည်းက ယနေ့အချိန်ထိ အောင်မြင်လျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ JICA အဖွဲ့နှင့် ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးလက်ဒေသများအတွက် နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်စက် များအား ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေစုပ်စက်သည် ရေအနက်(၂၅)ပေခန့်အထိ ရေစုပ်နိုင်ပြီး၊ အမြင့်ပေ (၅၀)ပေအထိ တွန်းတင်နိုင်မည်ဖြစ်ကာ နာရီပေါင်း(၁၀)နာရီအထိ ရေစုပ်စက် မောင်းနှင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုလာရောက်လှူဒါန်းသည့် …

Read More »

ကျွန်းတောစုကျွေးရွာအား ပြန်လည်နေရာချထားပေးရန် ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၂၈ (ရေတာရှည်) ————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင် /မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(MCEA) မှတာဝန်ရှိသူများနှင့်အတူ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာ ပြန်လည်ချထားသည့်နေရာ မြေနေရာ ရှင်းလင်းဆောင်ရွက်နေမှုများ၊ ရွာကွက်ချဆောင်ရွက်ထားမှုများအား ကွင်းဆင်း ကြည့်ရှုပါသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က မြေကွက်နေရာချထားမှုနှင့်ပတ်သက်၍ လမ်းဧရိယာအား သေချာသတ်မှတ်ရန်၊ နောင်အခါမှ ပြန်လည်ပြင်ဆင်ရလျှင် ခက်ခဲကြောင်း၊ မြေကွက်များ ဖော်ဆောင်ရာတွင် စနစ်တကျ အကွက်ရိုက်စနစ်ဖြင့် ဖော်ဆောင်ရန်၊ စံပြကျေးရွာနမူနာပုံစံဖြစ်၍ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ စာကြည့်တိုက် စသည်တို့အတွက် သီးခြားမြေနေရာပါရှိရန် လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ မြေနေရာသည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုကြောင့် ပြိုလဲသွားသော  ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာ ရွာပြောင်းရွေ့ရန်အတွက် ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »

ရေးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်

FI

ဇန်နဝါရီ ၂၈ (ရေတာရှည်) ========================= ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် Border Areas Development Association (BDA)တို့မှ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ (၁၈)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးအန္တရာယ်သည် မျှော်မှန်း၍မရသော်လည်း ကြိုတင်ကာကွယ်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့နှင့်အတူ တပ်ရင်း/တပ်ဖွဲ့များ၊ မိတ်ဖက်လူမှုရေး အသင်းအဖွဲ့များမှ ဆောင်ရွက်ပေးခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ဝန်ကြီးချုပ်မှ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ရာ၊ ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်မှ လက်ခံရယူခဲ့ပြီး၊ ဒေသခံပြည်သူတစ်ခုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဖယောင်းတိုင် (၇၂၀)ထုပ်၊ ဓါတ်းဆား (၈)ဖာ၊ ရေသန့်ဆေးပြား(၅၀၀)ပြား၊ …

Read More »

တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန် ထပ်မံနှိုးဆော်ခြင်း

1

ဇန်နဝါရီ ၂၈ (ပဲခူး) ===================== မြန်မာနိုင်ငံအတွင်းရှိ တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များ အားလုံးသည် www.myco.dica.gov.mm တွင် ပြန်လည် မှတ်ပုံတင်ရန် (၃၁.၁.၂၀၁၉) ရက်နေ့အထိ ယနေ့အပါအဝင် (၄)ရက်သာ ကျန်ရှိတော့ကြောင်း အချိန်မီပြန်လည်မှတ်ပုံတင်နိုင်ရေး ထပ်မံအသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဖုန်း-၀၅၂ ၂၂၀၁၇၄၇ e-Mail – dicabagoregion@gmail.com

Read More »

ပဲခူးမြို့တွင် စာအောင်သံဃာများ၊ သီလရှင်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာအပါး(၂၇၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၂၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ၊ ဂိုဏ်းပေါင်းစုံနာယကဆရာတော်ကြီးများ၊ စာအောင်သံဃာများ၊ သီလရှင်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာအပါး(၂၇၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက ဆုတောင်းပြည့်ရွှေမော်ဓော်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြပြီး စာအောင်သံဃာတော်များအား ကျောက်ပန်းတောင်းဓမ္မာရုံ၌ ဂုဏ်ပြုချီးကျူ းပူဇော်ပွဲကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော်သြဝါဒစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓာမာ(အဂ္ဂမဟာပဏ္ဍိတ)ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် နာယကဆရာတော်ကြီးများအား သင်္ကန်းစသည့်လှူ ဖွယ်ဝတ္ထုပစ္စည်းများအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဝန်ကြီးများ၊ …

Read More »