Home / 2019 / January / 01

Daily Archives: January 1, 2019

ရေတာရှည်မြို့နယ်၊ ဆွာမြို့ဧရိယာအတွင်း စစ်တောင်းမြစ်ကူးတံတာ ဆောက်လုပ်ရန် ကွင်းဆင်းကြည့်ရှု

FI

ဇန်နဝါရီ ၁ (ဆွာ) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၁)ရက်နေ့၊ မွန်းလွဲ (၁၂:၃၀) အချိန်က ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ငါးကြီးကွေ့ကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာ လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ဆောက်လုပ်ရန်အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ငါးကြီးကွေ့ကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာ လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ဆောက်လုပ်နိုင်ရေးအတွက် လမ်းအူကြောင်း လျာထားပြီးစီးမှု၊ တံတား တည်ဆောက်မည့် ရေပြင်/မြေပြင်အနေအထား၊ ချဉ်းကပ်လမ်း ဖောက်လုပ်သွားမည့် အခြေအနေများအား ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တံတားချဉ်းကပ်လမ်း ဖောက်လုပ်ရာတွင် အမှန်တကယ် လိုအပ်သည့် မြေဧရိယာကိုသာ အသုံးပြုရန်၊ ဒေသခံတောင်သူအကျိုး ရှေရှုဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ငါးကြီးကွေ့ကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာ လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတားအူကြောင်းသည် လျာထားပုံစံ(၁) …

Read More »

ဆွာမြို့ ရတနာအလင်းရောင်ပရဟိတမိဘမဲ့ကျောင်း (အနော်ရထာ) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁ (ဆွာ) ======================= ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ဆွာမြို့ အုန်းခြံရပ်ကွက်ရှိ ရတနာအလင်းရောင် ပရဟိတမိဘမဲ့ကျောင်းဝန်းအတွင်း၌ ဇန်နဝါရီလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က အနော်ရထာ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရတနာအလင်းရောင် ပရဟိတမိဘမဲ့ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဝိဒက ကျောင်း၏ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားကာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုး(စီမံ) ဆရာမကြီးဒေါ်မေသက်နွယ်က ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်မှ အလှူငွေကျပ်(၁၀)သိန်းအား ပေးအပ်လှူ ဒါန်းခဲ့သည်။ ထို့နောက် အနော်ရထာ နှစ်ထပ်ကျောင်းဆောင်သစ်အား ရတနာအလင်းရောင် ပရဟိတမိဘမဲ့ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဝိဒ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ ရေတာရှည်တပ်နယ် ခေတ္တတပ်နယ်မှုး ဒုတိယဗိုလ်မှုးကြီး ညီညီလွင်နှင့် ပဲခူးတိုင်းဒေသကြီး ပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုး ဆရာမကြီးဒေါ်မေသက်နွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး …

Read More »