Home / 2019 / January / 02

Daily Archives: January 2, 2019

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတင်ဒါခေါ်ယူခြင်း

tender-300x300

ဇန်နဝါရီ ၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ ပြည်မြို့မှ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ဆည်ရေသောက်စနစ်များ ပြုပြင်ရန်အတွက် အဆင့်မြင့်ဒီဇယ်ဆီ(ပရီမီယံ)၀ယ်ယူရန်အတွက် တင်ဒါခေါ်ယူခြင်း၊

Read More »

အခြေခံပညာအထက်တန်းကျောင်း သာဂရ(နဝဒေး)ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၂ (သာဂရ) =================== ဇန်နဝါရီလ(၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ အခြေခံပညာအထက်တန်းကျောင်း(သာဂရ) ကျောင်း၌ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် ပညာရေးမြှင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား/သူများ အဆင်ပြေချော့မွေ့စွာ ပညာသင်ကြားနိုင်စေရေး ဆရာ/ ဆရာမများ တိုးချဲ့ခန့်ထားခြင်း၊ စာသင်ကျောင်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ကျောင်းဆောင်များ တိုးချဲ့ဆောင်လုပ်ပေးခြင်း စသည့်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို ယခုလို နိုင်ငံတော်မှ တည်ဆောက်ပေးသည့် ကျောင်းဆောင်များကိုလည်း ရေရှည်တည်တံ့ခိုင်ြမဲစေရန် ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူးတို့က ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းသား မိဘတစ်ဦးမှ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ …

Read More »

ရေတာရှည်မြို့နယ် ဆွာချောင်းဘေး၊ သဲဖုံး၊ ချောင်းစား၍ ထိခိုက်ပျက်စီးဆုံးရှုံးအမှုအပေါ် ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

FI

ဇန်နဝါရီ ၂ (ဆွာ) =================== ရေတာရှည်မြို့နယ် ဆွာမြို့အုပ်ချုပ်ရေးမှုးရုံး၌ ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆွာချောင်းဘေး၊ သဲဖုံး၊ ချောင်းစား၍ ထိခိုက်ပျက်စီးဆုံးရှုံးအမှုအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ မျိုးစေ့ဘိုးထောက်ပံ့ငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အရေးပေါ်တုန့်ပြန်မှုစီမံကိန်း (Immediate Response Mechanism – IRM) အစီအစဉ်မှ ဓာတ်မြေသြဇာထောက်ပံ့ပေးခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးလှမြင့်က ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ဝန်ကြီးချုပ်ထံသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က မျိုးစေ့ဘိုးထောက်ပံ့ငွေကျပ် (၅၉.၉၃၆၇၉)သန်းအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှုးဦးလှမြင့် ဓာတ်မြေသြဇာအိတ်များကိုလည်းကောင်း လွှဲပြောင်းပေးအပ်ပြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့နှင့် သဘာဝဘေးသင့် …

Read More »