Home / 2019 / January / 03

Daily Archives: January 3, 2019

၂၀၁၉ခုနှစ် ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၃ (ပဲခူး) ====================== ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းမုခ်ဦးရှေ့နှင့် သီရိပညာခန်းမတို့၌ ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၈)နာရီအချိန်က ၂၀၁၉ခုနှစ် ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျောင်းမုခ်ဦးရှေ့တွင် ၂၀၁၉ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော်မုခ်ဦးအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီးလှမျိုးရွှေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးကျော်ဆင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပညာရေးဆိုင်ရာသင်ထောပ်ကူပြခန်းများ၊ ဈေးရောင်းပွဲတော်ဆိုင်ခန်းများအားလှည့်လည်ကြည့်ရှု့အားပေးကြသည်။ ထို့နောက် သီရိပညာခန်းမ၌ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လူမှုရေးဝန်ကြီးမှ လမ်းညွှန်အမှာစကားပြောကြားကာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူ းက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဆရာမကြီးဒေါ်မေသက်နွယ်က ၂၀၁၈-၁၉ပညာသင်နှစ် ပညာရည်တိုးတက်မှုအကောင်းဆုံးကျောင်း၊ စွမ်းဆောင်ရည်ထူးချွန်ထက်မြက်သော (ထက်၊ လယ်၊ မူအုပ်)၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဆုရထူချွန်ကျောင်းများ၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပသောကျောင်းများအား Power Pointဖြင့်ရှင်းလင်းပြသပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက စုံညီပွဲတော်တို့နွဲပျော် တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ ဝမ်းဘဲအင်းအထက်တန်းကျောင်း(ခွဲ)မှ …

Read More »

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖြူးမြို့နယ်အဆင့်မြင့်အားကစားကွင်း အားကစားရုံဖွင့်ပွဲကျင်းပပြုလုပ်

1

ဇန်နဝါရီ ၃ (ဖြူး) ======================= ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၊ မြို့နယ်အားကစားကွင်း၌ ၂၀၁၉ခုနှစ်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲနှင့် အဆင့်မြင့်အားကစားကွင်း အားကစားရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၁၉ခုနှစ်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲနှင့် အဆင့်မြင့်အားကစားကွင်း အားကစားရုံအား အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မတီ ဥက္ကဌ သူရဦးရွှေမန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အရှေ့တောင်အာရှ လက်ဝှေ့ရွှေတံဆိပ်ဆုရှင် မနွယ်နီအောင်နှင့် သင်္ချာစွမ်းရည် နိုင်ငံတကာဆုရ မောင်စိုးသွေးကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆင့်မြင့်အားကစားကွင်း အားကစားရုံနှင့် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲတို့အား လိုက်လံကြည့်ရှုအားပေးကြရာ ကျောင်းသား/သူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မတီ ဥက္ကဌ သူရဦးရွှေမန်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က …

Read More »