Home / 2019 / January / 04

Daily Archives: January 4, 2019

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့်ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ

FI

ဇန်နဝါရီ ၄ (ပဲခူး) ======================= ဇန်နဝါရီလ (၄)ရက်နေ့၊ ည(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွတ်လပ်ရေးရရှိခဲ့ခြင်းသည် တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်မှုကြောင့်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်ရေး၏ အနှစ်သာရကို ခံစားနိုင်မည်ဖြစ်ကြောင်းနှင့် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုရှိရန် လိုအပ်ပါကြောင်း နှုတ်ခွန်းဆက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဌာနမှ ဗဟိုအဆင့်ဆုရရှိသူ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၂၂)ဦး၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရသူ(၃)ဦး၊ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူ (၇)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှစွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သူ(၁၁)ဦး၊ ဆွာဆည် ရေပိုလွှဲ ကျိုးပေါက်မှုဖြစ်စဉ်တွင် အသက်ကိုပဓာနမထားပဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဗိုလ်မှူးမြတ်စံ(ကွယ်လွန်)၊ လွတ်လပ်ရေးမော်ကွန်းဝင်၊ ရဲဘော်သုံးကျိပ်ဝင် (၂)ဦးတို့အတွက် ဂုဏ်ြပုမှတ်တမ်းများအား ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကဂုဏ်ပြုဆုချီးမြှင့်သည်။ ယင်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များက လွတ်လပ်ရေးနေ့ညစာသုံးဆောင်ပြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက …

Read More »

(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၄ (ပဲခူး) ===================== ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားခန်းမ၌ (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ (၇၁)နှစ်မြောက်လွှတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်းပြိုင်ပွဲ၊ ဘိလိယက်/စနုကာပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးဇွန်းကိုက်ပြိုင်ပွဲ၊ အမျိုးသားအိတ်စွပ်ပြိုင်ပွဲများကို ဇန်နဝါရီ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ သတ်မှတ်နေရာများတွင်အသီးသီးပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အခြားဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေး၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့တွင်(၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၄ (ပဲခူး) ======================== ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနောက်မုခ်ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက်(၄:၂၀)နာရီအချိန်တွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ စစ်တီးဝိုင်းအဖွဲ့နှင့် အလံတင်တပ်ဖွဲ့တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိတိုင်ထိပ်တွင်လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် နံနက်(၇:၃၀)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများ၊ ကျောင်းသား/သူများနှင့် ပြည်သူများတက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ …

Read More »