Home / 2019 / January / 05

Daily Archives: January 5, 2019

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဘုရားကြီးမြို့ ဆင်ကန်လမ်း အဆင့်မြင့်တင်ဖောက်လုပ်ရန် သွားရောက်ကြည့်ရှု

FI

ဇန်နဝါရီ ၅ (ပဲခူး) ========================= ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးခရိုင်အုပ်ချူပ်ရေးမှူး ဦးရဲထွဋ်၊ ပဲခူးမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ ဘုရာကြီးမြို့အုပ်ချုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘုရာကြီးမြို့ ဆင်ကန်လမ်း အဆင့်မြှင့်တိုးချဲ့ဖောက်လုပ်ရန်အတွက် မြေပြင်သို့သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါလမ်းသည် ဘုရားကြီးမြို့အတွက် အရေးပါသော လမ်းတစ်လမ်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ဆက်သွယ်နိုင်သည့် လမ်းဖြစ်သည့်အပြင် ဘုရားကလေး၊ သမန်းကုန်းရွာ၊ ပဲသီးကုန်း၊ သပြေရိုးစသည့် ကျေးရွာများကိုလည်း ဆက်သွယ်ထားသော လမ်းဖြစ်သည်။ ဆင်ကန်လမ်း အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နိုင်ပါက ဘုရားကြီးမြို့အတွက် ယာဉ်ကြောရှုပ်ထွေးကြပ်တည်းမှုကို ဖြေရှင်းနိုင်ပြီး မြို့ရှောင်လမ်းသဖွယ် အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read More »

အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းနှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှု သင်တန်းဖွင့်လှစ်

FI

ဇန်နဝါရီ ၅ (ပဲခူး) ====================== ပညာရေးဝန်ကြီးဌာန၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးမြို့နယ် မိုးယွန်းကြီးအင်းဒေသ ပျဉ်ပုံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ကာလတိုသက်မွေးပညာ သင်တန်းများဖြစ်သည့် အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမိုးကျော်သူတို့က အဖွင့်အမှာစကားပြောကြားပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ) ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းလတ်က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းတွင်သင်ကြားမည့်သင်ထောက်ကူပစ္စည်းများ ပြသထားမှုအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းအား ဇန်နဝါရီလ(၅)ရက်နေ့ (၃၁)ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ)မှ နည်းပြဆရာ/မများက သင်ကြားပို့ချပေးမည်ဖြစ်ရာ အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းသင်တန်း၌ သင်တန်းသား(၁၆)ဦး တက်ရောက်ကာ လျှပ်စစ်လုပ်ငန်းဆောင်ရွက်ရာတွင် ဂရုပြုရမည့်အချက်များ၊ ထိုအခြေခံလျှပ်စစ်၊ Electric …

Read More »